google-site-verification=gxI9Vw8JzyzHFFF0-A2wV4ejpLwkWuPZ1SDszgEy2gE ((( ငွေတစ်သိန်း ))) - ဘ.က ညောင်ပင်ကျောင်း မှ ကြိုဆိုပါ၏
Home » » ((( ငွေတစ်သိန်း )))

((( ငွေတစ်သိန်း )))


( အဖေ ဘာလို့ ညညအရက်တွေသောက်ပြီး ပြန်လာတာလဲဟင်)
( အော် သားရယ် ၊ အဖေက အရက်ကို သောက်ချင်လို့မှမဟုတ်ပဲ။ စီးပွားရေးအရသောက်တာပါ။ အဖေနဲ့ ရှယ်ယာထည့်ဝင်ထားတဲ့လူတွေနဲ့ ဆုံတဲ့အခါ၊ စီးပွားရေးစကားပြောတဲ့အခါမှာပဲ သောက်တာပါ)
( ဒါဆို အဖေက နေ့တိုင်း စီးပွားရေးအရ သောက်လာတာပေါ့နော်)
( အေးပေါ့သားရ)
( အဖေ့ အလုပ်က တစ်ရက် ဘယ်လောက်ရလဲဟင်)


( အဲလိုပြောလို့ မရဘူးသား။ အဖေက လခစားမှမဟုတ်တာ။ အဖေတို့ အသေးစားလုပ်ငန်းက တစ်လကို ကိုယ်ပိုင်ဝေစုအနည်းဆုံး သိန်းသုံးဆယ်လောက်တော့ရတယ်။ ဘာလဲ ငါ့သားက မုန့်ဖိုးလိုချင်လို့လား)
( မဟုတ်ပါဘူးအဖေရာ ----)

စီးပွားရေးကြောင့်သာ သောက်သည်ဟုပြောသော်လည်း မူးလာလျှင် အမေနှင့်အမြဲတမ်းရန်ဖြစ်နေသည်။ ခြံက ကျယ်လို့သာ ပတ်ဝန်းကျင်အိမ်များက မကြားရခြင်းဖြစ်သည်။ ညရောက်လျှင် ကောင်းကောင်းမနေရပါ။ အမေက ညတိုင်းငိုရသည်။
အမေ့ကို ကြည့်၍ သနားသည်။ ဘယ်လိုလုပ်မှ ဒီဒုက္ခအတွင်းက လွတ်နိုင်မည်ကို  မသိ။
=============================
တစ်နေ့တွင် မနက် ကော်ဖီသောက်နေစဉ် သားငယ်က သူ၏အဖေကို ငွေတစ်သိန်းပေးလိုက်သည်။
( အဲဒါ ဘာလဲသား)
( ငွေတစ်သိန်းပါ အဖေ၊ သားကို အဘိုးက မုန့်ဘိုးပေးတာပါ)
( သားပဲ သုံးလေ၊သားပိုက်ဆံပဲ)
ဟုပြောပြီး သားကို ပြန်ပေးလိုက်သော်
( ဟုတ်ကဲ့ ၊ အဖေ့ကို အလကားပေးတာမဟုတ်ပါဘူး။ အဖေက တစ်လကို သိန်းသုံးဆယ်ရတယ်မဟုတ်လား။ သား အဖေ့ရဲ့အချိန်တစ်ရက်ကို ဝယ်ချင်လို့ပါ။ ဒီနေ့ အဖေအရက်သောက်မလာပါနဲ့။ ဒီနေ့တစ်နေကုန် အဖေ့ရဲ့အချိန်တွေ သားဝယ်ပါတယ်။
အဖေအရက်မူးလာရင် အမေငိုရတယ်။ သားလည်း ---သားလည်းငိုရတယ်)
သားငယ်ပြောသောစကားကြောင့် ဖခင်မှာ ပါးစပ်အဟောင်းသားဖြစ်ပြီး မျက်ရည်များစီးကျလာလေသည်။ ထို့နောက် သူ၏အဖေ အရက်မသောက်တော့သည်မှာ ယနေ့တိုင်အောင်ပင်
ဖြစ်ချေတော့၏။


မိန်နွေ
12:20 AM
12/18/2014

0 မွတ္ခ်က္:

ဖတ်ရှုများသောပို့စ်မျး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်