ယဉ်ယဉ်ဆိုတာက ယောက်ျားဆုံးသွားတဲ့ တစ်ခုလပ်မလေးရယ်ပါ။ သူမမှာ လေးတန်းအရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။ သူမက ကုမ္ပဏီတစ်ခုရဲ့ စာရင်းစစ်ဝန်ထန်းဆိုတော့ လစာကလည်း လုံလောက်အောင်မရပါဘူး။
တစ်ခါတစ်လေ သူမရဲ့ မိဘတွေဆီကို ချေးငှါးပြီးသုံးနေရပါတယ်။ အလုပ်ဆိုလည်း တကယ်ကိုကြိုးစားတဲ့သူပါ။ အိမ်မှာရှိတဲ့ တိုလီမုစ္စအလုပ်တွေတောင် ကိုယ်ကိုယ်တိုင်လုပ်ပါတယ်။ လစာကလည်းနည်းတော့ သူများတွေလိုအိမ်အကူတွေ မငှါးနိုင်ဘူးလေ။
တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်သာနားရတဲ့ သူမအတွက်
နားရတဲ့ရက်မှာလည်း အေးအေးဆေးဆေးမနေရပြန်ပါဘူး။ ချက်ပြုတ်စရာတွေပြီးရင် တစ်ပတ်စာအဝတ်တွေလျှော်ဖွတ်နဲ့ တစ်နေကုန်ကို အချိန်ကုန်သွားတာပါပဲ။ သူမအတွက် အားလပ်ချိန်ဆိုတာ
ညအိပ်ချိန်ကလွဲလို့ တကယ်ကိုမရှိတာပါ။ တစ်နေ့ သူမတို့အိမ်မှာ အလုပ်ထဲကဧည့်သည်တော်တော်များများ လာပါတယ်။ တနင်္ဂနွေနေ့ပေါ့။ သူမအချစ်ဆုံးသမီးလေးကလည်း ကျောင်းပိတ်ရက်ဆိုတော့ ကျူရှင်မထားနိုင်တာနဲ့ အိမ်ထဲမှာပဲ စော့ကစားနေတာပါ။
သူမဟာ ဧည့်သည်တွေနဲ့စကားပြောနေတုန်း သူမသမီးလေးက ဧည့်သည်တွေဆီကို လက်ဝါးဖြန့်ပြီးမုန့်ဖိုးတောင်းတယ်လေ။ သူမ အလွန်အမင်းရှက်သွားပါတယ်။ သူမက ဆင်းရဲတယ်ဆိုပေမယ့် အတတ်နိုင်ဆုံး ကျောင်းတတ်ရက်တွေမှာ မုန့်ဖိုးတော့ အနည်းနဲ့
အများ ပေးနေတာပါပဲ။ ဒါကို ဧည့်သည်တွေဆီမှာ မုန့်ဖိုးတောင်းတာ သူမကို သက်သက်အရှက်ခွဲတယ်လို့ စိတ်ထဲမှာစွဲမှတ်ပြီး ဒေါသတွေထောင်ခနဲထွက်လာပါတယ်။ မျက်နှာတပြင်လုံး နီရဲလာပြီး သူမရဲ့သမီးကို ကြည့်တဲ့မျက်လုံးက ဝါးစားမတတ်ပါပဲ။
ဧည့်သည်တွေရှေ့မှာတော့ ပိုပြီးအရှက်ကွဲမှာဆိုးလို့ မရိုက်ပါဘူး။ ခဏကြာတော့ ဧည့်သည်တွေဟာပြန်ကြဖို့ပြင်ဆင်တော့ သူမက ရပ်ကွက်ထိပ်အထိ လိုက်ပို့ပါတယ်။ လမ်းသွားရင်းအလုပ်ကိစ္စတွေဆွေးနွေးသွားတာ နောက်ဆုံးမပြတ်သေးတာနဲ့ ကော်ဖီဆိုင်ထဲကို ဝင်ထိုင်
ရတဲ့ အခြေအနေဖြစ်သွားပါတယ်။ အလုပ်ကိစ္စဆွေးနွေးပြီးတဲ့အချိန်ထိ တစ်နာရီလောက်ကြာသွားပါတယ်။ ဧည့်သည်တွေကို ကားပေါ်တင်ပေးပြီး သူမ အိမ်ကို ဒေါသတကြီးပြန်လာပါတယ်။ အိမ်ကိုရောက်ရောက်ခြင်း လေးတန်းအရွယ်သူမသမီးကို ဘာမပြောညာမပြောနဲ့ူ
ရက်ရက်စက်စက်ရိုက်ပါတော့တယ်။ နင်က ငါ့ကိုလူကြားထဲအရှက်ခွဲတာလား၊ နင့်ကို ငါမုန့်ဖိုးမပေးနိုင်လို့လား၊ ငါက မုဆိုးမမို့လို့ ဘာမှလုပ်မပေးနိုင်ဘူးထင်နေတာလား ---ဘာညာနဲ့ ဒေါသတကြီးကို ရိုက်တော့တာပါ။
သမီးလေးမှာတော့ ဘာမှ မပြောနိုင်ပဲ အသံပြဲနဲ့ငိုမြဲငိုနေတာပေါ့လေ။ အဲဒီအချိန်မှာ အိမ်နောက်ဖေးက ရပ်ကွက်ထဲ အဝတ်လိုက်လျှော်ပေးတဲ့ ဒေါ်မိုးထွက်လာပြီး သူမကို အဝတ်တွေအကုန်လျှော်ပြီးတဲ့အကြောင်း ပြန်တော့မယ်ဆိုပြီးနှုတ်ပါတယ်။
သူမက အဝတ်လျှော်ဖို့ ဘယ်တော့မှလူမငှါးဖူးပါဘူး။ အခုဘယ်သူခေါ်လို့ လာတာလဲလို့ မေးတော့ ဒေါ်မိုးက ( ညီးသမီးက ညီးကို အချိန်ပြည့်အလုပ်တွေနဲ့ပင်ပန်းတာကို မကြည့်ရက်လို့ ငါ့ကိုလာငှါးတာတဲ့၊ ပိုက်ဆံလည်း ပေးပြီးပါပြီ ) လို့ပြောပြီး ထွက်သွားပါတယ်။
အဲဒီတော့မှ သူမဟာ သူမသမီး မုန့်ဖိုးတောင်းရခြင်းရဲ့အကြောင်းအရင်းကိုသိပြီး သူမသမီးကို ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ်။
ကဲ------အဲဒီတော့မိတ်ဆွေ သင့်မှာ သား၊သမီး၊မိတ်ဆွေ၊ သူငယ်ချင်း၊မိဘ၊ဆရာတွေရှိခဲ့ရင် သူတို့ကို အပြစ်တင်မစောပါနဲ့ ။ သူတို့ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ အဖြေရှာပြီးမှ အပြစ်တင်လည်း နောက်မကျပါဘူး။ မှားယွင်းပြီးပြုလုပ်မိတဲ့ နောင်တဆိုတာ
ကိုယ်အသက်ရှင်နေတဲ့ အချိန်တိုင်းကို စိတ်ဒုက္ခတွေ ပေးနေတတ်လို့ပါ။
မိန်နွေ
16/12/2014
ဖတ်ရှုများသောပို့စ်မျး
-
ကိုထွန်းဦး ကိုဆန်းထက်လင်း ဦးဆောင်သော ကိုရီးယားရောက် သူငယ်ချင်းများမှ နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင...
-
စိမ်းလန်းမြေ ပရဟိတ ညီအကိုမောင်နှမများ(မိတိလာတာဝန်ခံ ဆရာမဒေါ်သန်းသူဇာဦးဆောင်သော) အဖွဲ့မှ တောင်သူလယ်သမားနေ့ အမှတ်တရအဖြစ် အမှန်တကယ်လိုအပ်လျှက...
-
၁၂.၅.၂၀၁၃ နေ့တွင် နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းအရည်အချင်းစစ် စာမေးပွဲ ကျင်းပပါသည် သင်တန်းကို ယဉ်ကျေးလိမ္မာသော အမျိုးဘာသာ သာသနာကို ချစ်မြတ...
-
ထိန်ညီးလျှံ ခြေရင်းက မီးဇာစ ဖယောင်းလို ကြီးစွာပ မေတ္တာယို ခန္ဒွာကိုယ် သူလောင်ကျွမ်း စေတနာ စွမ်းရည်မှန် အမှောင်ထံ လင်းစေလို့ ခမ်း ။ြ...
-
နွားထိုးကြီးမြို့၊အမှတ်(၂)ရပ်ကွက်နေ ကြင်စဦးဇနီးမောင်နှံများဖြစ်ကြသော ကိုကျော်ထက်နောင်+မသီရိမျက်သွယ် တို့မှ ညချမ်းကိုအလှဆင်သည့်အနေဖြင...
-
နွားထိုးကြီးမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ကျောင်းသားကျောင်းသူလေးများ၏ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပ...
-
န်တော့်ဆီကို ဒီရက်ပိုင်း ငဘုဏ်း (Ashin Paññā Vamsa) ရောက်လာပြီး နေ့နေ့ညည ငြင်းခုံစကားပြောဖြစ်သည်။ ကျွန်တော်သည် ငြင်းခုံခြင်းကို ...
0 မွတ္ခ်က္:
Post a Comment