(( လူနာ မေးတတ်ပါစေ ))
လူနာမေးတာများ အဆန်းလုပ်ပြီးရေးရသလားလို့ စာဖတ်သူထင်ချင်ထင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ တကယ်ကို ဆန်းလို့ရေးလိုက်တာပါ။ သင်ကော လူနာမေးတတ်ပါလားလို့ မေးရင် သင်ဘယ်လိုဖြေမလဲ။
အမှန်တော့ လူနာမေးတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ လူတော်တော်များများကလည်း လူနာကို မမေးတတ်ပါဘူး။ လူနာစားဖို့ မုန့်ပဲ၊သရေစာဝယ်လာမယ်။ ပြီးရင် ဘာဖြစ်တယ်၊ညာဖြစ်တယ် မေးမယ်။
ဒါပါပဲ။ ဒါက ခင်ဗျားတို့ ၊ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်ကြီးပါ။ အမှန်တကယ်က လူနာမေးခြင်းဟာ ဝေဒနာရှင်လူနာကို အားပေးတဲ့စကားတွေ တ၀ကြီးပြောရမှာပါ။ တစ်ချို့သော လူတို့က လူနာလာမေးတဲ့အခါမှာ
လူနာကို အားပေးစကားပြောတာနည်းနည်း၊ စည်းမရှိ ကမ်းမရှိ ဘေးကလူနဲ့စကားပြောပြောများများဖြစ်နေပါတယ်။ စကားမပြောနဲ့မဟုတ်ပါဘူး။ ပြောပါ။
ဒါပေမယ့် စည်းကမ်းလေးနဲ့တော့ ပြောရမှာပေါ့ဗျာ။
အသည်းအသန်ဖြစ်နေတဲ့ ဝေဒနာရှင်ဘေးမှာ၊ ကောင်းကောင်းအနားယူရမယ့် ဝေဒနာရှင်ဘေးမှာ စကားကို ဟောင်ဖွာ ဟောင်ဖွာပြောတာတို့၊ လူနာကို အားမနာတမ်း တရစပ်မေးနေတာတို့ မလုပ်သင့်ပါဘူး။
နာကျင်တဲ့ဝေဒနာခံစားနေရလို့မှ လူနာဖြစ်နေတာကို သင်မေးနေတဲ့မေးခွန်းတွေဖြေရတော့ လူနာက စိတ်တွေ လန်းဆန်းမလာပဲ စိတ်ညစ်ပြီး စိတ်ပျက်လာနိုင်ပါတယ်။ အသည်းအသန်လူနာရဲ့ ဘေးမှာ လူနာရဲ့ နောက်ဆုံးအခြေအနေကို
အသံထွက်ပြီး မေးတာတို့ လုံးဝကို မလုပ်သင့်ပါဘူး။ တကယ်လို့ တစ်ရက်သာနေရတော့မယ့် လူနာကို လူနာရှေ့မှာပဲမေးလိုက်လို့ လူနာက သူ့ရဲ့အခြေအနေမှန်ကို သိသွားရင် ဘယ်လိုဖြစ်သွားမယ်ထင်ပါသလဲ။
ဒီနေ့ ပျဉ်ထောင်တန်းရပ်ကွက်က မိတ်ဆွေအိမ်မှာ ကျွန်တော့်သူငယ်ချင်းနဲ့ လူနာသွားမေးဖြစ်ပါတယ်။ လူနာက လည်ချောင်းကင်ဆာဖြစ်နေတာပါ။ အခြေအနေက တော်တော်ကိုစိုးရိမ်ရပါတယ်။ တစ်ခါတစ်လေမှာ အောက်ဆီဂျင်နဲ့ပဲ အသက်ရှုရတော့
ပတ်ဝန်းကျင်အိမ်တွေက ကြာကြာမနေရတော့ဘူးလို့ မှတ်ချက်ပေးထားတာပါ။ ကျွန်တော်တို့ရောက်သွားတော့ လူနာရှင်က လည်ချောင်းကင်ဆာကို ဓာတ်ကင်ဖို့ ရန်ကုန်သွားမယ့်အကြောင်း ဘေးအိမ်ကလူတွေနဲ့ တိုင်ပင်နေကြတာပါ။
ဒီတော့ ဘေးအိမ်က မိန်းမကြီးရဲ့ ပြောပုံက ဘေးမှာသာလူနာရှိနေရင် မတွေးဝံ့စရာပါပဲ။ သူမပြောတာက ( ရန်ကုန်ထိ သွားလို့ဖြစ်နိုင်ပါ့တော့မလား၊ မတော်လို့ လမ်းမှာဆုံးသွားရင် အိမ်တောင်သယ်လာလို့မရဘူးဖြစ်နေမယ်) လို့ ပြောတာပါ။
ကဲ စဉ်းစားကြည့်ပါမိတ်ဆွေ။ အကြံတောင်းတာက ရန်ကုန်ကိုဓာတ်ကင်သွားဖို့ပါ ။ သူမပြောလိုက်တာ ဟိုဘက်လမ်းဆုံးထိကို ရောက်သွားတာပါ။ တစ်ခါကလည်း ရန်ကုန်မှာ စိုးရိမ်ရတဲ့အဆင့် နှလုံးရောဂါဝေဒနာသည်တစ်ယောက်ရှိပါတယ်။
တစ်နေ့တော့ ဧည့်ခန်းထဲမှာ မူးလဲနေတာနဲ့ ဝေဒနာရှင်ရဲ့သမီးကဆေးရုံတွေဘာတွေပြထားတာ ကျန်းမာရေးကတော်တော်လေးကို လန်းဆန်းနေပါပြီ။ အဲဒီအချိန်မှာ လူနာလာမေးတဲ့ လူတွေကလည်း ငါးယောက်၊ခြောက်ယောက်လောက်ကို ရှိပါတယ်။
သူတို့ကတော့ ဧည့်ခန်းထဲမှာ စကားဝိုင်းဖွဲ့လို့ပေါ့။ ဘေးနားမှာ ဝေဒနာရှင်ရောက်နေတာ သူတို့မသိပါဘူး။ လူနာလာမေးတဲ့တစ်ယောက်က လူနာရှင်ကို လူနာဘယ်လောက်ကြာကြာနေရမလဲလို့မေးတဲ့အခါမှာ လူနာရှင်က တစ်ပတ်ပဲနေရတော့မယ့်
အကြောင်း ပြောပြပါတော့တယ်။ သူတို့ပြောနေတဲ့စကားတွေကြားပြီး ဘေးနားကလူနာဟာ လန့်လန့်ဖျက်ဖျက်နဲ့ နှလုံးဝေဒနာပြန်ဖောက်သွားတာ တစ်ပတ်တောင်မနေရပဲ ခဏအတွင်းမှာပဲ ဆုံးသွားပါတော့တယ်။
အဲဒီတော့ လူနာမေးတယ်ဆိုတာ လွယ်တော့ မလွယ်ကူလှပါဘူး။ စကားကို စည်းကမ်းရှိရှိလည်းပြောရမယ်။ လျှို့ဝှက်သင့်တဲ့စကားဆိုရင် လျှို့လျှို့ဝှက်ဝှက်မေးမြန်းရပါမယ်။ ပြီးတော့ ဘယ်လောက်ဆိုးတဲ့လူနာပဲဖြစ်ဖြစ် ဘယ်သူက ဘယ်လိုဖြစ်တာ
သူတော့ဘယ်လိုပျောက်သွားပြီ၊ ဒီခေတ်ကြီးထဲမှာ ဆေးဝါးတွေကလည်းအရမ်းကောင်းတော့ ဘယ်ရောဂါမဆို ပျောက်အောင်ကုသနိုင်ပြီ ၊ ကျန်းမာရေးကောင်းလာတဲ့အခါ မိမိလုပ်ချင်တာလုပ်လို့ရပြီ စတဲ့ အားပေးစကား၊ အားရှိစေမယ့်စကားတွေပဲ
ပြောရမှာပါ။ တစ်ခါတစ်လေ ကိုယ်က လိမ်ပြောလိုက်လို့ သူ့ရောဂါသက်သာလာမယ်ဆိုရင်တောင် မဖြစ်မနေလိမ်ပြောပေးရမှာပါ။ ကဲ---သင်ဟာ လူနာသွားမေးပြီဆိုရင် လူနာအားရှိစေမယ့်စကား၊ လူနာခွန်အားဖြစ်စေမယ့်စကားကိုပဲ ရွေးပြီးပြောပါ။
သင်ပြောတဲ့စကားတစ်ခွန်းကြောင့် လူနာရဲ့စိတ်ကို မပင်ပန်းပါစေနဲ့။ ခဏ ခဏလည်း လူနာကို မေးခွန်းတွေမမေးပါနဲ့။ စကားပြောတဲ့အခါမှာ အသံကျယ်လောင် ကျယ်လောင်မပြောပဲ စည်းရှိကမ်းရှိ ပြောပါ။
ဒါဆိုရင် သင့်ကြောင့် လူနာဟာ ပြန်လည်လန်းဆန်းလာပါလိမ့်မယ်။
မိန်နွေ
11:41 PM
12/18/2014
ဖတ်ရှုများသောပို့စ်မျး
-
တက္ကသိုလ်ဝင်တန်းပညာရပ်များဆည်းပူးခဲ့စဉ်က နေထိုင်ခဲ့ဖူးသည့် ညောင်ပင်(ဘ/က)ပညာရေး ကျောင်းတော်ကြီးကို ကျေးဇူးသိမြင်သောအားဖြင့် လည်းကောင်း...
-
နွားထိုးနယ်ဖွား ပရိယတ္တိဘွဲ့ရဆရာတော်များ၏ သမိုင်းဝင် မှတ်တမ်းစာအုပ်မှ ဆရာတော်များရဲ့ အကြောင်းကို အကျဉ်းချုပ် တင်ပြသွားပါမယ်။ ၀ါစဉ် ကြီ...
-
စိမ်းလန်းမြေ ပရဟိတ ညီအကိုမောင်နှမများ(မိတိလာတာဝန်ခံ ဆရာမဒေါ်သန်းသူဇာဦးဆောင်သော) အဖွဲ့မှ တောင်သူလယ်သမားနေ့ အမှတ်တရအဖြစ် အမှန်တကယ်လိုအပ်လျှက...
-
ငယ်စဉ်တောင်ကျေး ကလေးဘဝက ပညာသင်ယူခဲ့သည့် ကျောင်းတော်ကြီး၏ကျေးဇူး ဆရာတော်ဘုရား၏ကျေးဇူးကိုသိမြင်သည့်အလျှောက် ပြန်လည်ပေးဆပ်သည့်အနေဖြင့် ပြင်ဦ...
-
၂-ဘဒ္ဒန္တ၀ါသ၀ (၂) သက်တော်(၈၉)၊ ၀ါတော်(၆၉)၀ါရှိ ဘဒ္ဒန္တ၀ါသ၀၏ အတ္ထုပ္ပတ္တိအကျဉ်း ဇာတိ = သဲတောကန်ကျေးရွာ၊ နွားထိုးကြီးမြို့ မိဘ = ဦးဘို...
-
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ရသစ်စံပြရွာ ဝေဠုဝန်ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တနာရဒ ထေရ်မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်...
-
နတြော့ဆြီကို ဒီရကပြိုငြး ငဘုဏြး (Ashin Paññā Vamsa) ရောကလြာပှီး နေ့နေ့ညည ငှငြးခုံစကားပှောဖှစသြညြ။ ကွှနတြောသြညြ ငှငြးခုံခှငြးကို နှစသြကသြူတစယ...


0 မှတ်ချက်:
Post a Comment