google-site-verification=gxI9Vw8JzyzHFFF0-A2wV4ejpLwkWuPZ1SDszgEy2gE ဘ.က ညောင်ပင်ကျောင်း မှ ကြိုဆိုပါ၏: ငွေပဒေသာပင်ကုသိုလ်
Showing posts with label ငွေပဒေသာပင်ကုသိုလ်. Show all posts
Showing posts with label ငွေပဒေသာပင်ကုသိုလ်. Show all posts

တိုးရစ် -မိသားစု၏‌စေတနာ

ယနေ့ (၂၅-၂-၂၀၂၀)နေ့လယ်၁၂နာရီအချိန်တွင် တိုးရစ်မိသားစုသည် တက်စီသမား၏လမ်းညွှန်မှုဖြင့်
ညောင်ပင်(ဘ/က)ပညာရေးကျောင်းတွင်ရောက်ရှိ
လာပြီးကျောင်း၏လိုအပ်ချက်များကိုကြည့်ရှုပြီး
ပညာသင်ကြားရေးငွေပဒေသာပင်အဖြစ်(၃၆)ဒေါ်လာလှူဒါန်းသွားပါသည်။

ညချမ်းကို အလှဆင်သူ


     နွားထိုးကြီးမြို့၊အမှတ်(၂)ရပ်ကွက်နေ ကြင်စဦးဇနီးမောင်နှံများဖြစ်ကြသော ကိုကျော်ထက်နောင်+မသီရိမျက်သွယ် တို့မှ ညချမ်းကိုအလှဆင်သည့်အနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်)ကျောင်း
ညောင်ပင်ကျောင်း ပညာသင်ကြားရေးတွင်
အသုံးပြုနိုင်ရန် ပညာရေးငွေပဒေသာပင်(၁၀၀၀၀ဝိ)
ကျပ်တစ်သိန်းစိုက်ထူလှူဒါန်းကြပါသည်။
        အလှူရှင်ဇနီးမောင်နှံတို့ ဘဝမှာတိုးတက်ခြင်း၊အောင်မြင်ခြင်း ကြီးပွားခြင်း ပြည့်စုံခြင်းများနှင့် အစဉ်ထာဝရပြည့်စုံကြပါစေ*******

**ကျေးဇူးသိမြင် ပညာရှင်*


တက္ကသိုလ်ဝင်တန်းပညာရပ်များဆည်းပူးခဲ့စဉ်က နေထိုင်ခဲ့ဖူးသည့် ညောင်ပင်(ဘ/က)ပညာရေး
ကျောင်းတော်ကြီးကို ကျေးဇူးသိမြင်သောအားဖြင့်
လည်းကောင်း၊ကျောင်းတော်ကြီးတွင် စဉ်ဆက်
မပြတ် ပညာများသင်ကြားပို့ချပေးနိုင်ရေးအတွက်
လည်းကောင်းရည်ရွယ်၍ Dr Heus Myanmar
AnimaI Feed Factory Manager ကိုသူလှဇော်
ကိုသူရဇော်၊ကိုဘုန်းမော် ညီအကို(၃)ဦးမှ ပညာရေး
ငွေပဒေသာပင်(၃၀၀၀၀ဝိ/)ကျပ်စိုက်ထူလှူဒါန်း
ပါသည်။
အလှူရှင်များ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပြီး
ဘာသာ သာသနာအကျိုးကိုလည်း ဆောင်ရွက်နိုင်ပါစေ*****

~~ပညာတံခွန်ဘော်ဒါ၏စေတနာ~~


ယဉ်ကျေးလိမ္မာထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်း သမီးမွန်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍

ဖွင့်လှစ်သင်ကြားပေးနေသည့် ညောင်ပင်(ဘ/က)

ဓမ္မစကူးလ်ကျောင်းတော်ကြီး၏ သင်တန်းဆင်းပွဲတွင်

နိဗ္ဗာန်ဈေးပွဲတော်အတွက် ပညာတံခွန်ဘော်ဒါ
ဆရာဦးသစ်လွင်နှင့်ကျောင်းသားကျောင်းသူများမှ
အလှူတော်ငွေ ၅၀၀၀၀ိ/ငါးသောင်းကျပ် လှူဒါန်းပါသည်။

မြတ်ပညာ ပညာရေးမိသားစု၏ (၂)နှစ်မြောက် ပညာရေးအလှူတော်

မြတ်​ပညာ​ဘော်​ဒါပညာ​ရေးမိသားစု ဆရာမ ​ဒေါ်ဥမ္မာမြတ်​နှင့်​ ​ကျောင်းသား​ကျောင်းသူများမှ အာစရိယပူ​ဇော်​ပွဲ အမှတ်​တရအဖြစ်​ ဘုန်း​တော်​ကြီးသင်​ပညာ​ရေး(မူလတန်းလွန်​)​ကျောင်း ​ညောင်​ပင်​​ကျောင်းတိုက်​တွင်​ ပညာသင်​ကြား​ရေးအ​ထောက်​အကူပြု ပင်​မ​ငွေပ​ဒေသာပင်​(၁၀၇၀၀၀)တစ်​သိန်းခုနှစ်​​ထောင်​ကျပ်​နှင့်
ဗလာစာအုပ်​ ၁၀ ဒါဇင်​ ​ဘော့ပင်​ ၃ ဒါဇင်​ တို့ကို ဦးဥတ္တမသာရ (ဒု နာယက )​ကျောင်းအုပ်​ဆရာ​တော်​ထံသို့ လှူဒါန်းပါသည်

www.​nyaungbin.com

ပညာပါရမီကုသိုလ်

ဘုန်းတော်ကြီးသင်ပညာရေးညောင်ပင်ကျောင်းတိုက်  ကျောင်းသားကျောင်းသူလေးများ
 ရေရှည်ပညာသင်ကြားနိုင်ရန်အတွက် ဦးဝိမလ (ဓမ္မာစရိယ) မိုးကုတ်နယ်လှည့်ဓမ္မကထိက
မှ ပညာရေးအထောက်အကူပြု ပင်မငွေပဒေသာပင်အလှူတော်ငွေ (၅၀၀၀၀၀) ငါးသိန်းကျပ်ကို ဒု နာယက ကျောင်းအုပ်ဆရာတော်အထံဆက်ကပ်လှူဒါန်းပါသည်၊

မင်္ဂလာဦးအလှူ


မောင်ဝေယံစိုး  (ညောင်ပင်ဘုန်းတော်ကြီးသင် မူလွန်)
နှင့် မလွင်အာကာယဉ် အ.မ.က  အုန်းကုန်း တံတာဦးမြို့မ
ကြင်စဦး ဇနီးမောင်နှံ မှ မင်္ဂလာဦးကုသိုလ်အဖြစ် ဘုန်းတော်ကြီးသင် ပညာရေး
ပင်မငွေပဒေသာပင်အလှူ (၅၀၀၀၀)ကျပ်ကို ဒုနာယက ကျောင်းအုပ်ဆရာတော်အထံ
လှူဒါန်းပါသည်။





ပညာရေးမိသားစုရဲ့ ပညာရေးအလှူ

နွားထိုးကြီးမြို့ အမှတ်(၅)ရပ်ကွက် ဦးတိုင်းကျော်စိုး+ဒေါ်သင်းသင်းဦး

သမီး ဆုပြည့်စုံဝင်း ရွှန်းလဲ့နေခြည် (အဓိပတိဘော်ဒါ )ပညာရေး မိသားစုမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းညောင်ပင်ကျောင်းတိုက်ကျောင်းသားကျောင်းသူလေးများ၏

ပညာရေးအတွက် ပညာရေးအထောက်အကူပြု ပင်မငွေပဒေသာပင်အလှူ တော်ငွ (၁၀၀၀၀၀)ကျပ်ကို

ဒု နာယကဆရာတော်ထံ ဆက်ကပ်လှူဒါန်းသွားပါသည်




ငွေပဒေသာပင်အလှူတော်

နွားထိုးကြီးမြို့ အမှတ်(၅)ရပ်ကွက် ဦးကျော်မြင့်+ဒေါ်ခင်တိုးမြင့်
မြေး မောင်ပြည့်ဖြိုးထွန်း မိသားစုတို့မှ ပညာရေးအထောက်အကူပြု
ပင်မငွေပဒေသာပင်အလှူတော်ငွေ (၅၀၀၀၀)ကျပ်ကို ဒု နာယကဆရာတော်ထံ
 ဆက်ကပ်လှူဒါန်းပါသည်

www.nyaungbin.com

အကောင်းဆုံးနည်းဖြင့် ကျေးဇူးဆပ်သူ

ပြင်ဦးလွင်မြို့ မိဘနှစ်ပါးနှင့် ဇနီး ညီငယ်တို့အား ရည်စူး၍ ဆရာ ဦးခင်မောင်မြင့် (ဓာတု) နှင့် ညီမ ဒေါ်ခင်မျိုးနွယ် သမီး မဖူးပွင့်ေ၀ သား မောင် ဖြိုးဝေအောင် တို့မှ ကျောင်းသားကျောင်းသူလေးများ အသိပညာပန်းများ ထာဝစဉ် ပွင့်လန်းစေရန် အတွက် ပညာသင်ကြားပေးနေသော ဆရာမတစ်ဦးအတွက် လစာထောက်ပံ့စရိတ် တစ်လ(၆၃၀၀၀) ကျပ် (၁၀) လစာအတွက် (၆၃၀၀၀၀)ကျပ်ကို ဦးဥတ္တမသာရ

(ဒု နာယက ) ကျောင်းအုပ်ဆရာတော်ထံ ဆက်ကပ် လှူဒါန်းပါသည် ။

မြတ်ပညာဘော်ဒါ၏ မြတ်မင်္ဂလာအလှူတော်

နွားထိုးကြီးမြို့ အမှတ်(၅)ရပ်ကွက် ဆရာမ ဒေါ်ဥမ္မာမြတ်၏ မြတ်ပညာဘော်ဒါမှ တပည့်ကျောင်းသားကျောင်းသူလေးများမှ ပညာရေး အလေးထား အားပေးသည့်အနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက်ရှိ ကျောင်းသား

ကျောင်းသူများ ရေရှည်ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးငွေပဒေသာပင် အလှူတော်ငွေ ၈၆၀၀၀ ကျပ်နှင့် ဗလာစာအုပ်(၁၁) ဒါဇင်တို့ကို ဦးဥတ္တမသာရ(ဒုနာယကဆရာတော်)အထံ ဆက်ကပ်လှူဒါန်းပါသည် ။

ဘကပညာရေးအားပေးသည့်ဆရာတော်

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ရသစ်စံပြရွာ ဝေဠုဝန်ကျောင်းတိုက်

ပဓာန နာယကဆရာတော် ဘဒ္ဒန္တနာရဒ ထေရ်မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းညောင်ပင်ကျောင်းတိုက် ရှိ

 ကျောင်းသားကျောင်းသူများ ရေရှည်ပညာသင်ကြားပေးနိုင်ရန်အတွက် ပင်မငွေပဒေသာပင်

(၁၀၀၀၀၀) ကျပ်ကို ဆရာဝေယံစိုး ထံပေးအပ်လှူဒါန်းပါသည်။

ငွေပဒေသာပင်

နွားထိုးကြီးမြို့ အမှတ်( ၁ ) ရပ်ကွက် ဦးသန်းဇော် + ဒေါ်သန်းသန်းနု

(သား) မောင်စွမ်းရဲထက် ၊ မောင်မင်းခန့်ဟိန်း ၊ မောင်လင်းသန့်ထက်

မိသားစု ဆန် နှင့် ပဲမျိုးစုံရောင်းဝယ်ရေးမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက်

ကျောင်းသားကျောင်းသူလေးများ အတွက် ထာဝရငွေပဒေသာပင် ကျပ်(၁၀၀၀၀၀)ကို

ဒု နာယကဆရာတော်ဘုရားထံလာရောက်လှူဒါန်းပါသည်

နတ်လှူသာဓုခေါ်စေသော်.....


 www.nyaungbin.com 
nyaungbin439@gmail.com

ပညာပါရမီ

မလှိုင်မြို့နယ် သရက်ကန် မြောက်ရွာ ဦးကျော်လှိုင်+ဒေါ်ဝင်း မိသားစု မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်း ကျောင်းသားကျောင်းသူလေးများ ပညာသင်ကြားရေးအတွက်

 ပင်မငွေပဒေသာပင် (၃၀၀၀၀) ကျပ်ကို ကျောင်းအုပ်ဆရာတော်အထံဆက်ကပ်လှူဒါန်းသည်

ပဒေသာပင် အလှူတော်

နွားထိုးကြီးမြို့ အမှတ်(၅)ရပ်ကွက် မိဘနှစ်ပါးအားရည်စူး၍ (သမီး)မသန်းသန်းစိုး မှ
ကျောင်းသားကျောင်းသူလေးများ ပညာရေးအတွက် ထာဝရငွေပဒေသာပင်အလှူတော်ငွေ
(၁၀၀၀၀၀)ကျပ်ကို ဒုနာယက ကျောင်းအုပ်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပါသည်

မိဘများအား ရည်စူးကုသိုလ်ထူး



မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာနေ ကွယ်လွန်သူ ဦးချစ်လှိ ုင်+ဒေါ်တင်မေ မိဘနှစ်ပါးအား ရည်စူး၍ သမီးဒေါ်ချော ဒေါ်ရီသောင်း ညီမနှစ်ဖော်မှ ကျောင်းသား ကျောင်းသူများ ရေရှည်ပညာသင်ကြားပေးနိုင်အတွက် ဦးဥတ္တမသာရ(ဒု-နာယက)ကျောင်းအုပ်ဆရာတော်အား ၎င်းတို့၏နေအိမ်၌ ပင်မငွေပဒေသာပင်(၅၀၀၀၀)ကျပ်ကို ဆက်ကပ်လှ ူဒါန်းပါသည်။ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေသတည်း။

ပညာဒါနအလှူတော်

နှစ်ဘက်မိဘများဖြစ်ကြသော ဦးပယ်+ဒေါ်အောင်ရီ ဦးမြရင်+ဒေါ်လှသိန်းတို့ကို အမှူးထား၍ ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ်မှ ဒုအရာခံဗိုလ်တင်အုန်း+ဒေါ်နွယ်နွယ် သား မောင်မျိုးမင်းဦး +မနော်ဆေး မောင်ဇော်ရဲထွန်း မအိအိမွန်ထွေး မောင်အောင်စည်မင်း မနိုင်နိုင်အေး မိသားစုမှ ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်း

 ညောင်ပင်ကျောင်းတိုက်ရှိ ကျောင်းသားကျောင်းသူများအား ကွန်ပျူတာပညာသင်ကြားနိုင်ရန် စားပွဲသုံးလုံးအတွက် (၇၅၀၀၀)ကျပ်ကို ဦးဥတ္တမသာရ(ဒု နာယက)ကျောင်းအုပ်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းပါသည်။


ဒု-အရာခံဗိုလ်တင်အုန်း+ဒေါ်နွယ်နွယ် ဦးရွှေ+ဒေါ်နန်းမူကိုး မိဘများကိုအမှူးထား၍ ပြင်ဦးလွင်(တ.န.တ)မှ

 မောင်မျိုးမင်းဦး+မနော်ဆေး(ခ)မမီးမီး မိသားစုမှ ကွန်ပျူတာပညာသင်ကြားရာ၌ အသုံးပြုရန်အတွက် အလှူတော်ငွေ(၅၀၀၀၀)ကျပ်ကို ဦးဥတ္တမသာရ(ဒု နာယက)ကျောင်းအုပ်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းပါသည်။

သာဓုနုမောဒနာခေါ်ဆိုနိုင်ကြပါစေကုန်သတည်း

ထာဝရ ရှင်သန်နေမည့်အပင်များ

နွားထိုးကြီးမြို့ အမှတ်(၁)ရပ်နေ ဦးမောင်ခိုင်+ဒေါ်ခင်လှကြည် အုန်းငှက်ပျောရောင်းဝယ်ရေး မိသားစုသည်

ထာဝရ ရှင်သန်နေမည့်အပင်နှင့်တူသော ပညာရေးအထောက်အကူပြု ပင်မငွေပဒေသာပင်(၅၀၀၀၀)ကျပ်ကို

ဦးဥတ္တမသာရ(ဒု နာယက)ကျောင်းအုပ်ဆရာတော်ထံစိုက်ထူလှူဒါန်းပါသည်။




ကျေးဇူးသိသူ

မိမိတို့ကို ငယ်စဉ်အခါ ပညာသင်ကြားပေးခဲ့သော ဆရာတော်တို့၏ ကျေးဇူးကို သိသောအားဖြင့်

နွားထိုးကြီးမြို့ အမှတ်(၃) ရပ်နေ ဦးကိုလေး+ဒေါ်စောရီ (သမီး) မထွေးထွေးရီ မိသားစုမှ ကျောင်းသားကျောင်းသူလေးများ ရေရှည် ပညာသင်ကြားပေးနိုင်ရေးအတွက် ပင်မငွေပဒေသာပင် ကျပ်(၁၀၀၀၀၀)ကို ဦးဥတ္တမသာရ (ဒု နာယက )ကျောင်းအုပ်ဆရာတော်ထံ

လှူဒါန်းပါသည်၊

မြန်မာ့မုဒိတာ လူငယ်အဖွဲ့

(၂၄.၄၂၀၁၃)နေ့တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက်၌ ပညာသင်ကြားလျက်ရှိကြသော ကျောင်းသားကျောင်းသူလေးများကို ကိုရင်သာပျော့ ဦးဆောင်သော

" မြန်မာ့မုဒိတာလူငယ်များအဖွဲ့(မလေးရှား) " မှ  ကျောင်းသားကျောင်းသူ တစ်ဦးလျှင်ဝတ်စုံ (၂)စုံစီ  ဝတ်စုံပေါင်း (၅၆၀)စုံနှင့် ဆရာဆရာမများအတွက် (၇)စုံ စုစုပေါင်း ကျပ်(၁၀)သိန်းဖိုးကို မွန်မြတ်သောစိတ်ထားဖြင့် ပံ့ပိုးကူညီလှူဒါန်းပြီးကျောင်းတိုက်အတွင်း သီတင်းသုံးလျက်ရှိသော သံဃာတော်အရှင်သူမြတ်များအားနေ့ဆွမ်းနေ့အာဟာရကို စေတနာဖွေးဖြူ သဒ္ဓါဖွေးဖြူ ဆက်ကပ်လှူဒါန်းကုသိုလ်ယူမှုအပေါ် ပဓာနနာယကဆရာတော် ကျောင်းအုပ်ဆရာတော်

နှင့် ဆရာဆရာမများ ကျောင်းသူကျောင်းသူများမှ ရွှင်မြူးအားရ ကြည်နူးကျေနပ်လှသဖြင့် အသိအမှတ်ပြု ထပ်ဆင့်ဂုဏ်ပြုအပ်ပါသည်။



                                                                                              ကျောင်းအုပ်ဆရာတော်

ဖတ်ရှုများသောပို့စ်မျး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်