google-site-verification=gxI9Vw8JzyzHFFF0-A2wV4ejpLwkWuPZ1SDszgEy2gE Generation to Generation - မ်ိဳးဆက္သစ္တစ္ခုမွ မ်ိဳးဆက္သစ္ တစ္ခုဆီသို႔ - ဘ.က ညောင်ပင်ကျောင်း မှ ကြိုဆိုပါ၏
Home » » Generation to Generation - မျိုးဆက်သစ်တစ်ခုမှ မျိုးဆက်သစ် တစ်ခုဆီသို့

Generation to Generation - မျိုးဆက်သစ်တစ်ခုမှ မျိုးဆက်သစ် တစ်ခုဆီသို့

န်တော့်ဆီကို ဒီရက်ပိုင်း ငဘုဏ်း (Ashin Paññā Vamsa) ရောက်လာပြီး နေ့နေ့ညည ငြင်းခုံစကားပြောဖြစ်သည်။ ကျွန်တော်သည် ငြင်းခုံခြင်းကို နှစ်သက်သူတစ်ယောက် မဟုတ်ပါ။ သို့သော်  ငဘုဏ်းသည် မိမိ၏ ပြောမနာ၊ ဆိုမနာသူငယ်ချင်းဖြစ်နေခြင်း၊ တစ်ယောက်အကြောင်း တစ်ယောက်သိနေခြင်းနှင့် စိတ်ဆိုးခြင်း ရန်ဖြစ်ခြင်းများ မဖြစ်နိုင်ခြင်းတို့ကြောင့် ၄င်းနှင့် အယူအဆတစ်ခုအပေါ်ကို အမြဲမြဲလိုလို ငြင်းခုံလေ့ရှိသည်။ သို့ရာတွင်မူ ကျွန်တော်သည် အထက်ကပြောဆိုခဲ့သကဲ့သို ့ ငြင်းခုံခြင်းကို အထုံဝါသနာ ရှိသူတစ်ယောက်တော့ မဟုတ်ပါချေ။


Generation to Generation နှင့်ပက်သက်၍ ကျွန်တော် စိတ်ဝင်တစား တွေးကြည့်ဖူးသည်။ ကျွန်တော်တို ့သည် နောင်လာမည့်မျိုးဆက်သစ်များအတွက် ဘာတွေချန်ထားခဲ့မည်နည်း။ ဘာတွေ လက်ဆင့်ကမ်းခဲ့မည်နည်း။ ကျွန်တော်တို ့ ချန်ထားခဲ့မည့် အရာတို့သည် မျိုးဆက်သစ်များအတွက် အထောက်အကူပြုနိုင်မည်လား။ ဒုက္ခရိပ်မြုံထဲ ရောက်စေမည်လားဟု တွေးကြည့်ခဲ့သည်။


''ယခုလက်ရှိန်အချိန်တွင် မိမိကိုယ်ကို ကောင်းမွန်စွာနေထိုင်ခြင်း၊ မျိုးဆက်သစ်များကို ပညာမျှဝေခြင်းဖြင့် နောင်လာမည့်မျိုးဆက်သစ်များကို ကောင်းမွန်သည့်အထောက်အကူများ ပြုနိုင်မည်''ဟု ငဘုဏ်းက ပြောသည်။ မှန်သည်။ ဒီနေရာတွင် ကောင်းမွန်စွာနေထိုင်ခြင်းကို  ဝိတ္ထာရပြုရလျှင် စာတစ်တန် ပေတစ်တန်မျှ ကျယ်ဝန်းပေလိမ့်မည်။ သို့ရာမူ အကျဉ်းမျှ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။


#ကောင်းမွန်စွာနေထိုင်ခြင်း


ကောင်းမွန်စွာနေထိုင်းကို အဖြောင့် အဓိပ္ပါယ်ဖွင့်ဆိုရသော် ရိုးရာ၊ အစဉ်အလာနှင့် ယဉ်ကျေးမှုကို ထိမ်းသိန်းစောင့်ရှောက်ခြင်းကို ပြောရမည်ဖြစ်သည်။ ရိုးရာနှင့် အစဉ်အလာသည် ကောင်းမွန်သည်များလည်း ရှိသကဲ့သို့ မှားယွင်းနေသည်များလည်း ရှိသည်။ မှားယွင်းနေသည့်ရိုးရာ၊ အစဉ်အလာကို ဆန့်ကျင်ခြင်း။ ကောင်းမွန်သည့် ရိုးရာ အစဉ်အလာများကို ဆက်လက်ထိမ်းသိန်းခြင်းဖြင့် မျိုးဆက်သစ်များ၏ စာရိတ္တများကို ကောင်းမွန်အောင် လက်ဆင့်ကမ်းနိုင်ပေမည် ဖြစ်သည်။


#ပညာမျှဝေခြင်း


ယနေ့ ခေတ်အခြေအနေသည် ပညာရေးကဏ္ဍက အဓိက အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိသည်။ ကမ႓ာပေါ်တွင် သေးငယ်သည့်နိုင်ငံဖြစ်သော်လည်း ပညာရေးဖြင့်တည်ဆောက်ထားသည့် နိုင်ငံဆိုလျှင် တိုးတက်ဖွံ့ဖြိုးလျှက်ရှိပြီး ကမ႓ာ့အလယ်တွင် မျက်နှာ မငယ်ရချေ။ ကျွန်တော် သီရိလင်္ကာနိုင်ငံတစ်ခုသာလျှင် ရောက်ဖူးသည်ဖြစ်သောကြောင့် သီရိလင်္ကာကို ဥပမာထား၍ ပြောပြလိုပါသည်။


သီရိလင်္ကာတွင် ဘာသာရေးသီးသန့် တက္ကသိုလ်များလည်းရှိပြီး အစိုးရတက္ကသိုလ်များနှင့်တွဲဖက်ထားသော Public ဘာသာရေးတက္ကသိုလ်များလည်း ရှိသည်။ သီရိလင်္ကာ၏ ပညာရေးအခြေအနေသည် ကောင်းမွန်သည့် အနေအထားတွင် ရှိသည်။ ၄င်းနိုင်ငံတွင် ဘာသာရေးစာပေလေ့လာနေသော မြန်မာရဟန်းတော်များ ၆၀၀ ဝန်းကျင်ခန့်ရှိပြီး တစ်ပါးတစ်ပါးလျှင် နှစ်စဉ် မြန်မာကျပ်ငွေ သိန်း ၄၀ ခန့်အထိ အသုံးပြုရလေ့ရှိသည်။ ယင်းငွေပမာဏထက် ချွေတာသုံးစွဲသူများ ရှိသကဲ့သို့ ယင်းပမာဏထက် ပိုလွန်စွာအသုံးပြုသူများလည်း ရှိ၏။ သိန်း ၄၀ ကို အပါးရေ ၆၀၀ နှင့် မြှောက်ရသော သိန်းပေါင်း ၂၄,၀၀၀ ကို နှစ်စဉ် သီရိလင်္ကာအစိုးရက ရရှိလျှက် ရှိသည်။ ဤသည်မှာ မြန်မာရဟန်းတော်များအထံမှ ရရှိသည့် ငွေပမာဏ သီးသန့်သာလျှင် ဖြစ်သေးသည်။ အခြားသော ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ ကမေ႓ာဒီးယား၊ နီပေါနှင့် အနောက်ဥရောပမှ ကျောင်းသားများကို ရေတွက်ထားခြင်း မပါရှိသေးပေ။


ဆိုလိုသည်မှာ နိုင်ငံ့ပညာရေးမှ နိုင်ငံ့ဘဏ္ဍာများ တိုးပွားအောင် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ကျွန်တော်တို ့မြန်မာနိုင်ငံ၏ ဘာသာရေးတက္ကသိုလ်အများစုသည် နိုင်ငံခြားမှ လေ့လာသူများကို Free အနေဖြင့် ပေးသည်က များ၏။ ပြီးနောက် သင်ကြားသည့် Language ကလည်း E to E က လွန်စွာနည်းပါးလှသည်။ ထို့ကြောင့် ပြည်ပမှ လာရောက်သင်ကြားသူများ အရေအတွက်နည်းနေပြီး ပညာရေးထံမှရရှိသော နိုင်ငံ့ဘဏ္ဍာသည်လည်း ချို့တဲ့လှပေသည်။


ပညာရေးသည် လူမျိုးကိုလည်း တင့်တယ်စေသကဲ့သို့ ပြုပြင်မွန်းမံတတ်လျှင် နိုင်ငံ့ဘဏ္ဍာရေးကိုပင် တိုးပွားအောင် ပြုလုပ်နိုင်သည်။ ကောင်းမွန်သောပညာရေးဖြင့် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ခြင်း၊ ချီးမြှောက်ထောက်ပံ့ခြင်း၊ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ်တို ့ကို မွန်းမံပေးခြင်းဖြင့် နိုင်ငံကော မျိုးဆက်သစ်လူငယ်များကိုပါ တိုးတက်စေမည် ဖြစ်သည်။


#ရဟန်းတော်များကဏ္ဍ


ရဟန်းတော်များကဏ္ဍတွင် အချို့သော ရဟန်းတော်များသည် English စာပေလေ့လာလိုက်စားနေခြင်းကို နှစ်မြို့ခြင်း မရှိကြပေ။ မှားပေစွ။ ဤသည်မှာ ကြီးမားသည့် အမှားများသာလျှင် ဖြစ်ပေ၏။ ယခုခေတ်တွင် ဗုဒ္ဓစာပေကို နိုင်ငံတကာမှ စိတ်ဝင်တစား လေ့လာလိုက်စားနေကြပြီ ဖြစ်သည်။ #သိရှိထားရန်မှာ_ကမ႓ာပေါ်တွင်_ကျယ်ကျယ်ပြန့်ပြန့်_လေ့လာလိုက်စားနေကြသော_ဗုဒ္ဓစာပေများမှာ #မြန်မာဘာသာဖြင့်ရေးသားထားသောစာပေဖြင့်_ထိုးဖောက်ထားခြင်း_မဟုတ်ပေ။ English ကဲ့သို့ အခြား ဘာသာစကားဖြင့် ထိုးဖောက်ထားခြင်းသာလျှင် ဖြစ်ပေ၏။ မာဂဓဘာသာကလွဲ၍ အခြားသောဘာသာစကားများသည် တိရစ္ဆာနကထာဟု ဆိုလေလျှင် မြန်မာစာ မြန်မာစကားသည်လည်း ထိုတိရစ္ဆာနကထာထဲတွင် အကျုံးဝင်သွားမည် ဖြစ်သည်။ အမှန်စင်စစ် ဘာသာစကားသည် ဘာသာစကားသာလျှင် ဖြစ်ပေ၏။


နိုင်ငံရပ်ခြားနှင့် ပြည်တွင်းတွင် English ဘာသာရပ်ဖြင့် ပညာသင်နေကြသော ရဟန်းတော်များသည် English ဘာသာဖြင့် ရေးထားသော ဗုဒ္ဓ၏ ပိဋကတ်များကိုပင် သင်ကြားနေခြင်း ဖြစ်၏။ လူတို့ကဲ့သို့ စီးပွားဖြစ်ပညာရပ်များ မပါဝင်ပေ။ မြန်မာဘာသာဖြင့် ဗုဒ္ဓစာပေများကို ကမ႓ာကြီးတစ်ခုလုံးပျံ့နှံ့အောင် မည်သူလုပ်ခဲ့သနည်းဟုမေးသော် ရှာဖွေပြရန်မှာ အတော်ပင် ခဲယဉ်းလေ၏။


ယခု မြန်မာနိုင်ငံတွင် ကိုရင်ငယ်လေးများ ဝတ်သူနည်းပါးနေဟူသော အသံဗလံများ ကြားနေရသည်။ ကြုံဖူးသည်မှာ ကျောင်းထိုင်ဆရာတော်တစ်ပါးသည် ၄င်းကျောင်းတွင် ကျောင်းဆောင်အသစ်များကို ဆောက်လုပ်လေ၏။ ၄င်း၏လက်ထဲတွင် ငွေအပြည့်အစုံ မရှိသောကြောင့် တတ်နိုင်သမျှ ငွေကိုချွေတာရန် ပန်းရံဆရာများကို လူအနည်းငယ်သာ ငှားရမ်း၍ ကျောင်းတွင်ရှိသော ရဟန်းငယ်၊ ကိုရင်ငယ်များကို ပန်းရံအလုပ် လုပ်စေ၏။ ကြာသော် ရဟန်းငယ် ကိုရင်ငယ်များသည် စိတ်ပျက်စွာ လူထွက်ကြကုန်၏။ ယခင်ခေတ်အခါတွင် ရဟန်း၊ ကိုရင်တစ်ပါးပါး လူထွက်မည်ဟုပြောလေလျှင် ၄င်းတို ့၏မိဘများသည် အပြင်းအထန် ကန့်ကွက်ကြလေ၏။ ယခုမူ ဗုဒ္ဓစာပေမသင်ကြားရပဲ ပန်းရံအလုပ်ကိုသာ လုပ်နေကြရသောကြောင့် ၄င်းတို ့လူထွက်သည့်အခါ ၄င်းတို ့၏မိဘများက လုံးဝ ကန့်ကွက်ခြင်း မရှိတော့ပေ။ စာပေမသင်ကြားရပဲ အဘယ့်ကြောင့် နေပူကျဲကျဲတွင် ပန်းရံလုပ်ပေးနေရသော ဘုန်းကြီးကျောင်းတွင် အဘယ်သို့သောအသည်းနှလုံးဖြင့် မိမိတို့၏သားသမီးများကို ထားရစ်ချင်ကြမည်နည်း။


''မင်းတို့က မင်းတို့ကိုခိုင်းလို ့ ငါ့ကို အပြစ်တင်ချင် တင်နေမှာပေါ့ကွာ။ ငါသေသွားလို့ နောက်ထပ်ကျောင်းထိုင်မယ့်သူက ကျောင်းအပြည့်အစုံထားခဲ့လို ့ ငါ့ကို ကျေးဇူးတင်နေမှာ''ဟု အသိတရားမဲ့စွာပြောသောစကားကို မိမိကြားဖူးသည်။ ဤသည်မှာ ကောင်းမွန်သည့်အတွေးအခေါ် မဟုတ်ပေ။ လက်ရှိမျိုးဆက်များကို နှိပ်ဆက်ခြင်းဖြင့် နောင်လာမည့်မျိုးဆက်သစ်ထံမှ ကျေးဇူးတင်စကား ကြားချင်နေသည်မှာ လွန်စွာမှားယွင်းသည့် အတွေးအမြင်သာလျှင် ဖြစ်ပေ၏။


မြန်မာနိုင်ငံတွင် မျိုးဆက်သစ်များကိုပြုစုပျိုးထောင်သော #မျိုးစေ့ချခြင်း ကို ပြုလုပ်နေမှု လွန်စွာ နည်းနေပေ၏။ စိုက်ပျိုးထားသည့်ကောက်ပင်တို့ကိုသာလျှင် #ရိတ်သိမ်းယူဆောင်သူက များနေ၏။ ကြာလျှင် ပညာရေး၊ စာရိတ္တ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အမျိုးဂုဏ်နှင့် လူမှုအဆင့်အတန်းများ အဖက်ဖက်က နိမ့်ကျနေခြင်းကြောင့် မျိုးဆက်သစ်များ အတိဒုက္ခ ရောက်နိုင်ပေမည်။ ဤသည်ကို အချိန်မီ ချုပ်ပါမှ အစုတ် သက်သာမည်ဖြစ်သည်။ မဟုတ်လျှက် ပုစိန်ဖြင့်ပေါက်လည်း အနာဆေးထည့်၍ ရနိုင်မည် မဟုတ်ပေ။


ကျွန်တော်တို့သည် မွေးဖွားပြီးလျှင် သေဆုံးရဦးပေမည်။ ကျွန်တော်တို ့မသေဆုံးခင် ကျွန်တော်တို ့၏ နောင်လာမည့်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည်များကို အစဉ်အဆက် သယ်ဆောင်ထားရမည်ဖြစ်ပြီး မကောင်းမွန်သည်များကို ဖယ်ထုတ်ရမည် ဖြစ်သည်။ စိတ်သဘောထားဆိုးသွမ်းလျှင် မိမိ၏အမည်နာမသည် ကမ႓ာပေါ်တွင် မျိုးဆက်သစ်တိုင်းက နှာခေါင်းရှုံ့ကြမည်ဖြစ်ပြီး စိတ်သဘောထားကောင်းမွန်၍ လုပ်ဆောင်မှုများက လူ့အသိုင်းဝိုင်းကို ကောင်းမွန်စွာထောက်ပံ့ပေးနေမည်ဆိုလျှင် မျိုးဆက်သစ်များက ဝိုင်းဝန်းချီးကျူးထောပနာပြုကာ လေးစားအားကြရသည့် မြင့်မြတ်သည့်ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြု၍ မိမိလမ်းစဉ်နောက်သို ့ လိုက်ပါအတုယူကြမည် ဖြစ်သည်။ ကျွန်တော်တို ့သည် လူသာသေ၍ နာမည်သေမည် မဟုတ်ပေ။


ထို့ကြောင့် ကျွန်တော်တို့သည် နောင်လာမည့်မျိုးဆက်သစ်များအတွက် ဘာတွေချန်ထားခဲ့မည်နည်း။ ဘာတွေ လက်ဆင့်ကမ်းခဲ့မည်နည်း။ ကျွန်တော်တို ့ ချန်ထားခဲ့မည့် အရာတို့သည် မျိုးဆက်သစ်များအတွက် အထောက်အကူပြုနိုင်မည်လား။ ဒုက္ခရိပ်မြုံထဲ ရောက်စေမည်လားဟု သေသေချာချာတွေးတော၍ နောင်လာမည့်မျိုးဆက်သစ်များကို မိမိတို ့သေဆုံးခဲ့သည့်တိုင် အထောက်အကူရစေမည့် လုပ်ငန်းများကို ပြုလုပ်ခဲ့သင့်ကြပေသည်။ သို့မှသာ မျိုးဆက်သစ်လူငယ်များသည် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စာရိတ္တနှင့် လူမှုအဆင့်အတန်းများ မြင့်မားနေမည်ဖြစ်ပြီး ကမ႓ာပေါ်တွင် အခြားသူများကဲ့သို့ ရင်ဘောင်တန်းနိုင်မည် ဖြစ်သည်။


      #မောင်ချမ်းမွန်


     01/07/2017
     03:55:00:PM
         Monday

0 မွတ္ခ်က္:

ဖတ်ရှုများသောပို့စ်မျး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်