ထိန်ညီးလျှံ ခြေရင်းက
မီးဇာစ ဖယောင်းလို
ကြီးစွာပ မေတ္တာယို
ခန္ဒွာကိုယ် သူလောင်ကျွမ်း
စေတနာ စွမ်းရည်မှန်
အမှောင်ထံ လင်းစေလို့ ခမ်း ။
မြစ်ရေများ စီးလို့ဆန်
ပမာကြံတင့်လျှမ်း
ကရုဏံ ပြည့်လွှမ်းပ
မသန်စွမ်း သူ့ဆီ
အားငယ်သူ ဖေးမလို့
ပရမို့ အားထုတ်ဖို့ရည် ။
ရွက်ပုန်းတို့ ညှိုးမငီအောင်
စိတ် ၊ ၀စီ ကာယဖြင့်
ပြုလုပ်ကြ ခွန်အားဆောင်
သက်ဆုံးထိအောင် ။
ကိုယ့်အတွက် မငဲ့ကွက်ပေါင်
နာဂါတ်နောင် စည်ပင်ပွား
ကလေးများတိုးတက်ကာဝယ်
ပွားကြီးမယ် မြန်ပြည်ပေါ့လေး ။ ။
×××××××======××××××
ရွက်ပုန်းကို မသန်စွမ်းသော ကလေးငယ်ဟု မှတ်ပါ။
လေးစားစွာဖြင့်
မိန်နွေ
12.7.2013 PM: 09:40:00
1 မှတ်ချက်:
Good
Post a Comment