((( Facebook ပေါ်က သင်၏အောင်မြင်မှု )))
အောင်မြင်မှုဆိုတာ ကိုယ့်ရဲ့လက်ရှိဘ၀ကနေ အဆင့်မြင့်ပြောင်းလဲလာမှု။ ကျွန်တော်ဒီလိုပဲ အဓိပ္ပါယ်ဖွင့်ဆိုချင်တယ်
ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲလာမှုတိုင်းလည်း အောင်မြင်မှုမဖြစ်နိုင်ပါဘူး။ တခါတလေပြောင်းလဲလာမှုက
ကျရှုံးခန်းတွေ၊ အားငယ်မှုတွေ၊စိတ်ပျက်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာက
အဲဒီ ပြောင်းလဲမှုတွေထဲကနေ လက်ရှိဘ၀ထက် အသိပညာ၊ အတတ်ပညာနဲ့ ဗဟုသုတတွေတိုးမြင့်လာတာကို
အောင်မြင်မှုတစ်ခုလို့ ဆိုချင်ပါတယ်။ ဒီအဓိပ္ပါယ်ကို မိတ်ဆွေအပါအ၀င် အားလုံး အယူအဆကွဲလွဲနိုင်ပါတယ်။
Facebookဆိုတဲ့ ကွန်ယက်က ရှာဖွေတတ်မယ်၊ လေ့လာတတ်မယ်ဆိုရင် ကျွန်တော်တို့အတွက်
အသိပညာ၊အတတ်ပညာနဲ့ ဗဟုသုတတွေအများကြီး တိုးပွားလာမှာပါ။
Facebookကို အသုံးမချတတ်ပဲ တခြားသူငယ်ချင်းတွေနဲ့ ဘော်ဒါဖြစ်ရုံလောက်ကတော့ သင်ဟာ အောင်မြင်မှုတွေ ရမလာနိုင်ပဲ၊ ဆုံးရှုံးမှုတွေကိုပဲ ကြုံတွေ့နေရမှာပါ။ ဥပမာဗျာ-
ပထမဦးဆုံး ဆုံးရှုံးမှုက ဖုန်းနဲ့သုံးရင် ငွေကုန်မယ်။ စက် ပူမယ်။ အိပ်ရေးပျက်မယ်။ ကိုယ်ခံအား နည်းလာမယ်။ ဒီနောက် ရောဂါတွေရလာနိုင်ပါတယ်။ ဆိုင်မှာ သုံးမယ်ဆိုရင်
ငွေကုန်မယ်။ အချိန်ကုန်မယ်။ ရုံးတွေမှာ ခိုးသုံးမယ်ဆိုရင်တော့ သူဌေးသိရင် အလုပ်ထုတ်ခံရမယ်။ မသိလို့ အလုပ်ထုတ်မခံရရင်တောင် ကိုယ်ဟာ လစာယူပြီး ထိုက်တန်တဲ့ပေးဆပ်မှု
မရှိတော့ နောင်တချိန်မှာ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံရနိုင်ပါတယ်။ တကယ်လို့ ခင်ဗျားသာ အလုပ်ပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင် အလုပ်သမားတွေ အလုပ်ကိုစိတ်ဝင်တစားလုပ်နေတာပဲကြိုက်လား။
Facebookစတဲ့ ကွန်ယက်တွေပေါ်မှာ အချိန်ခိုးတာပဲ ကြိုက်လား။ ဒါကတော့ မေးစရာလိုမယ်တော့မထင်ပါဘူး။ တခါတလေတွေ့ရပါတယ်။ မနက်ဖြန် ဟောလိဒေးကွ ၊ ပျော်တယ်---ဘာညာစသည်ပေါ့။
ဟုတ်ပြီ။ ကျွန်တော်တို့ အဲဒီလိုလူကို ဆန်းစစ်ကြည့်ရအောင်။ ဒီလူဟာ နောင်တစ်ချိန် အောင်မြင်လာမယ့်သူ ဖြစ်နိုင်ပါ့မလား။ ကိုယ့်ရဲ့အလုပ်ကို စေတနာပါပါနဲ့ စိတ်ဝင်တစားမလုပ်ပဲ တွေ့တဲ့ချောင်ခို၊ အခွင့်ရေးရသမျှယူတဲ့ လူတိုင်းဟာ
ဘယ်တော့မှ ကြီးပွားချမ်းသာဖို့မလွယ်ကူပါဘူး။ ဒါဆိုရင်ကျွန်တော်တို့ အောင်မြင်အောင်ဘယ်လိုလုပ်ကြမလဲ။ အောင်မြင်မှု တစ်ခုရဖို့အတွက် ပထမဦးဆုံး ကိုယ်ဟာ ဘာကိုစိတ်ဝင်စားသလဲ။ ဒါဟာ အဓိကကျတဲ့ အချက်ပါ။
ကိုယ်က အင်ဂျင်နီယာအကြောင်းကို စိတ်ဝင်စားတယ်ဆိုရင် ဘာဖြစ်လို့ ကဗျာ၊၀တ္ထုတွေကို ရေးနေမလဲ။ အမှန်တကယ်တော့ ခင်ဗျားဟာ အင်ဂျင်နီယာကို စိတ်ဝင်စားနေသူပါ။ ကိုယ့်ရဲ့တစ်ခြားဘော်ဒါတွေက ကဗျာ၊၀တ္ထုရေးတယ်ဆိုတိုင်း ကိုယ်က
သူတို့လို ရေးရမှာလား။ ဒါဆို သင်အောင်မြင်ဖို့ရာ သိပ်ပြီးမလွယ်ကူတော့ပါဘူး။ အောင်မြင်မှုဆိုတာမျိုးကလည်း ကိုယ်ကနေ လိုက်ပြီးရှာနေရတဲ့ အရာဝတ္ထုလည်းမဟုတ်ပါဘူး။ မရှာရဘူးဆိုပြီးတော့လည်း လုံ့လ၀ိရိယတွေ လျော့ထားလို့လည်းမဖြစ်ပြန်ပါဘူး။
အောင်မြင်မှုဟာ အလုပ်ကြိုးစားသူ။ လုံ့လ၀ီရိယရှိသူနဲ့ အစဉ်အမြဲကြိုးစားသူတို့ဆီမှာပဲ သွားနေတာပါ။ သင် တကယ်ပဲအောင်မြင်ချင်တယ်ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခုကို ဇွဲရှိရှိနဲ့ ကြိုးစားနေရုံပါပဲ။ ကြိုးစားမှုမရှိပဲ အောင်မြင်မှုနောက်ကိုပဲ
တကောက်ကောက်လိုက်နေမယ်ဆိုရင် သင်ဟာ နောက်ကနေတရွတ်တိုက်ပါသွားတဲ့ လူသာလျှင်ဖြစ်သွားမှာပါ။ Facebookပေါ်မှာ သင်စိတ်ဝင်စားပြီး အောင်မြင်မှုတကယ်လိုချင်တဲ့ ပညာရပ်သာ ရှာပါ။ သင်ဟာ အောင်မြင်မှုနဲ့အတူ ပြောင်းလဲလာပါလိမ့်မယ်။
ကြိုးစားပါ။ ဇွဲမလျော့ပါနဲ့။
မိန်နွေ
7:36 PM 12/15/2014
ဖတ်ရှုများသောပို့စ်မျး
-
ကိုထွန်းဦး ကိုဆန်းထက်လင်း ဦးဆောင်သော ကိုရီးယားရောက် သူငယ်ချင်းများမှ နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင...
-
စိမ်းလန်းမြေ ပရဟိတ ညီအကိုမောင်နှမများ(မိတိလာတာဝန်ခံ ဆရာမဒေါ်သန်းသူဇာဦးဆောင်သော) အဖွဲ့မှ တောင်သူလယ်သမားနေ့ အမှတ်တရအဖြစ် အမှန်တကယ်လိုအပ်လျှက...
-
၁၂.၅.၂၀၁၃ နေ့တွင် နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းအရည်အချင်းစစ် စာမေးပွဲ ကျင်းပပါသည် သင်တန်းကို ယဉ်ကျေးလိမ္မာသော အမျိုးဘာသာ သာသနာကို ချစ်မြတ...
-
ထိန်ညီးလျှံ ခြေရင်းက မီးဇာစ ဖယောင်းလို ကြီးစွာပ မေတ္တာယို ခန္ဒွာကိုယ် သူလောင်ကျွမ်း စေတနာ စွမ်းရည်မှန် အမှောင်ထံ လင်းစေလို့ ခမ်း ။ြ...
-
နွားထိုးကြီးမြို့၊အမှတ်(၂)ရပ်ကွက်နေ ကြင်စဦးဇနီးမောင်နှံများဖြစ်ကြသော ကိုကျော်ထက်နောင်+မသီရိမျက်သွယ် တို့မှ ညချမ်းကိုအလှဆင်သည့်အနေဖြင...
-
နွားထိုးကြီးမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ကျောင်းသားကျောင်းသူလေးများ၏ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပ...
-
န်တော့်ဆီကို ဒီရက်ပိုင်း ငဘုဏ်း (Ashin Paññā Vamsa) ရောက်လာပြီး နေ့နေ့ညည ငြင်းခုံစကားပြောဖြစ်သည်။ ကျွန်တော်သည် ငြင်းခုံခြင်းကို ...
0 မှတ်ချက်:
Post a Comment