ကျွန်ုပ်သည် ဗေဒလက္ခဏာကျမ်း ၊ မဟာဘုတ်တိုင်တို့၏ အလိုအရ အထွန်းဖွားဖြစ်သည့်အလျောက် လွန်စွာမှ စိတ်ကူးယဉ်တတ်သူတစ်ယောက်ဖြစ်၏ ။ ငယ်ငယ်က ရွာထဲတွင် အရက်မူးပြီး ရွာရိုးကိုးပေါက် ဒယီးဒယိုင် လျှောက်
ကာ လှည့်လည်အော်ဟစ်၍ တွေ့ရာလူကို ညစ်ညမ်းသည့် စကားတို့ဖြင့် ဆဲဆိုနေပါသော်လည်း အမူးသမားနှင့် ဖက်၍ မမိုက်လိုကြသော ရွာသူ ရွာသားတို့သည် ထိုအမူးသမားကို မည်သို့မျှ
မတုန့်ပြန်ကြ။ သို့သော့်
ကျွန်ုပ်၏ စိတ်ကူးယဉ်ဆန်မှုကား တစ်နေ့ ငါကြီးလာရင် ရွာသူကြီးတောင် အိမ်ထဲဝင်ပြီး အမြီးကုတ်နေရလောက်အောင် ကြောက်ရတဲ့ သည်လို လူမျိုးဖြစ်ရင်
ကောင်းမှာပဲဟု ကလေးဆန်ဆန်စိတ်ကူးယဉ်ဖူးပါသည်။
ထို့အတူ တရုတ်ပြည်ဖြစ် အနောက်သို့ခရီးသွားမှတ်တမ်း ဆိုသည့် စွန်းဝူခုန်း မျောက်ကားကိုကြည့်၍လည်း ငါလည်း စွန်းဝူခုန်းလို လေပေါ်မှာပျံနိုင်တဲ့သူ ဖြစ်ရမယ်ဟု့ စိတ်ကူးယဉ်ဆန်ကာ ရွာ၏ မြောက်ဘက်ရှိ
ချောင်းကမ်းပါးပေါ်မှ ချောင်းထဲသို့ အတန်တန်ခုန်ချခဲ့ဖူးပါသည်။ သို့သော် စိတ်ကူးယဉ်ခြင်းသည် စိတ်ကူးယဉ်ခြင်းသာလျှင် ဖြစ်၏ ။ ထို့ထက်ဘာမှ ဖြစ်မလာတော့ ။ အရက်မူးသမားကဲ့သို့ တစ်ရွာလုံးက မကြောက်ကြသလို
စွန်းဝူခုန်းလိုလည်း လေထဲတွင် မပျံနိုင်ပေ။ ထို့ထက်ဆိုးဝါးသည်ကား စိတ်ကူးယဉ်ခြင်းက လက်တွေ့ မဖြစ်နိုင်သည်ကို သိလျှက်နှင့် ယခုအချိန်ထိ ယင်းဝါသနာကို စွန့်လွှတ်၍ မရသေးခြင်းပင်။ အော့် အရင်လိုပဲ စိတ်ကူးယဉ်
တတ်ဆဲဟု ပြောလျှင် ပို၍ မှန်ပေမည်။
ကျွန်ပ်၏ မိဘများသည် လယ်လုပ် ထန်းတက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ကြလေ၏ ။ ဖခင်ကား ထန်းတတ်သူ ဖြစ်သည့်အလျောက် ညနေ နေဝင်ရီချိန်သို့ ရောက်လေလျှင် အခြားသော အဖော်များနှင့်
ထန်းရည်ခါးကို တမြမြ အရသာခံတတ်၏ ။ အဖေတို့ ထန်းရည် သောက်ပြီးသောအခါ ညထွက်ကြယ်တို့ စုံလင်၍ အုန်းမောင်းခေါက်သံ ( ၈ ) ချက် ( ၉ ) ချက်ခန့် ရှိလေ၏ ။ ထိုအခါတွင်မှ သိမ်းဆည်းစရာ ပစ္စည်း ပစ္စယများကို
သိမ်းဆည်းပြီး တစ်မိုင်ခန့်ဝေးသော ရွာသို့ ခြေကျင်ပြန်ကြလေ၏ ။
ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ်ကို လွန်စွာမှ ချစ်၏ ။ ထို့ကြောင့် ရွာသို့ပြန်ချိန်တွင် ကျွန်ုပ်ကို ကျောပိုး၍ ခေါ်၏ ။ အမူးလွန်သော အခါတွင်မှသာ ကျွန်ုပ်ခြေကျင်လျှောက်ရ၏ ။ ယင်းကား မရှိသလောက်လည်း ရှားပေ၏။
လမ်းတွင်လည်း ကျွန်ုပ်၏ မျက်စိတွင် မြင်မြင်သမျှ မေး၏ ။ အဖေကား မူးသော်လည်း ကောင်းစွာဖြေနိုင်၏ ။ ဓူဝံကြယ် ၊ ဖျောက်ဆိပ်ကြယ် ၊ ခုနှစ်စဉ်ကြယ် နှင့် နဂါးငွေ့တန်း စသည်တို့ကို အဖေက လက်ညှိုးနှင့်ထိုးပြ၍
နားလည်အောင် ရှင်းပြခဲ့၏ ။
တစ်ခါသော် ကျွန်ုပ်တို့ သားအဖသည် ဦးဘိုဘီး၏ ထန်းထဲအနောက်ဘက်ရှိ ကုန်းမြင့်မြေပေါ်သို့ ရောက်သောအခါ အလွန်တရာ ဝေးကွာလှသော အရှေ့ဘက်၏ ကောင်းကင်ယံတွင် အလင်းရောင်တို့ ဟပ်နေသည်ကို
မြင်ရလေ၏ ။ ခါတိုင်းသော ရက်တွင် မြင်ရသော်လည်း ယနေ့မှ ထိုအလင်းရောင်ကို သေသေချာချာ ဂရုပြုမိကာ စိတ်ထဲတွင်လည်း မည်သို့ကနေ မည်လို ဝမ်းနည်းမှန်းမသိ ဝမ်းနည်းလာလေ၏။ ထို့ကြောင့် ထိုအလင်းရောင်
ဘယ်ကလဲဟု သိချင်၍ ကျွန်ုပ်၏ အဖေကို မေးကြည့်သော် အဖေက ( အဲဒီ အလင်းရောင်က မန္တလေးမြို့ကြိးပေါ့ ) ဟု ပြောပြ၏ ။
ကျွန်ုပ်သည် မန္တလေးသို့ တစ်ခေါက်မှ မရောက်ဖူးပေ ။ သို့ပေမယ့် မန္တလေးဟု ပြောသံကြားသောအခါ စုလစ်မွန်းချွန်သော အချွန်အတက်တို့ကို မျက်လုံးထဲမြင်ယောင်လာ၏ ။ ကိုယ့်ထိးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့်
ကိုယ့်မြေကို အုပ်ချုပ်သော ဘုရင်တို့ကိုလည်း မြင်ယောင်လာ၏။ ကျက်သရေရှိလှသော ဝတ်စားဆင်ယင်မှုနှင့် ဆတ်ဆလူးမခါပဲ အိန္ဒြေရှိလှသော ပြည်သူတို့ကိုလည်း မြင်ယောင်လာ၏ ။ မြန်မာတို့၏ သွေးကား ကျွန်ုပ်၏
ခန္ဓာကိုယ်ပေါ်သို့ လှည့်ပတ်ချေပြီ ။ ကျေနပ်အားရမှုနှင့် ရဲရင့်သော သွေးကား နီလေပြီ။ ပြတ်သားသော ဆုံးဖြတ်ချက်တို့လည်း လွှမ်းမိုးလာလေ၏ ။
( အဖေ ၊ ကျုပ်ကို နေပြည်တော်က ဘုရင့်ဆီ ပို့ပေးဗျာ ၊ ကျုပ် အမှုထမ်းချင်တယ် )
ကျွန်ုပ်၏ တောင်းဆိုမှုကြောင့် အဖေကား ဟက်ဟက်ပက်ပက် ရယ်၏ ။ ထို့နောက် ဆွေးမြေ့သော အသံဖြင့် ဆက်ပြောသည်။
( တို့ရဲ့ ဘုရင်ကို ခွေးမသား အင်္ဂလိပ်တွေ ဖမ်းသွားလို့ မရှိတော့ဘူးသားရဲ့ ။ ပြည်သူတွေကိုလည်း နှိပ်စက်တယ် ။သယံဇာတတွေကိုလည်း ယူတယ် ။ပြီးတော့ ဘာသာ သာသနာကိုလည်း ဖျက်ဆီးကြတယ် )
အဖေပြောသည့် စကားသံ၏ နောက်တွင်တော့ ကျွန်ုပ်၏ စိတ်ထဲတွင် မုန်းတီးသော ဒေါသတို့ တရှိန်ထိုး တိုးလာသည်။ အမျိုးကိုထိလျှင် မခံချင်သော စိတ်တို့ကြွလာလေသည်။ သွေး၏ လည်ပတ်မှုကား ပုံမှန်ထက် ပို၍
မြန်လာသည်။ တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်လိုသော မျိုးချစ်စိတ်ကား တိမ်မြုပ်ပျောက်ကွယ်နေသော နှလုံးသားထက်တွင် ထင်ထင်ရှားရှား ပေါ်လာတော့၏ ။
( အဖေတို့က အဲဒီ အင်္ဂလိပ်တွေကို မတိုက်ထုတ်ဘူးလား )
အဖေကား နောက်တစ်ကြိမ် ဟက်ဟက်ပက်ပက် ရယ်ပြန်၏ ။ အရယ်လွန်သောကြောင့်လောမသိ။ ရွဲအိနေသော မျက်ဝန်းကို ပုဆိုးအစွန်ဖြင့် သုတ်လိုက်၏ ။ ပြီးမှ့
( အဖေတို့ကတော့ မမှီလိုက်ဘူးကွ ၊ အေး့ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်တွေက တိုက်ထုတ်လို့ တို့မြန်မာနိုင်ငံကြီးလည်း လွတ်လပ်ရေး ပြန်ရနေပါပြီ ။ ထီးနဲ့ နန်းနဲ့ အရင်လို ပဒေသရာဇ်
ပုံစံမဟုတ်တော့ပေမယ့် ကိုယ့်လူမျိုးတွေစီမှာပဲ ဥပဒေ ၊ အာဏာနဲ့ အုပ်ချုပ်ခွင့်တွေ ပြန်ရနေပါပြီ ။ အေး့ ဒါပေမယ့် )
( ဒါပေမယ့် ဘာဖြစ်လဲ အဖေ )
( အဖေ ပြောချင်တာက ကိုယ့်အလှည့်ကျရင် မနွဲ့စတမ်းပေါ့ ။ သားတို့ ခေတ်မှာ အဖေတို့နိုင်ငံကြီး ဘယ်လိုဖြစ်လာဦးမသိဘူး ။ အဲဒီအခါကျရင် သားတို့အနေနဲ့ ခေါင်းမရှောင်ဖို့ ၊ အသားထဲက လောက်မထွက်ဖို့
အရေးကြီးတယ်။ စည်းလုံးညီညွှတ်ပြီး သွေးခွဲစကား နားမယောင်ဖို့ လိုတယ် ။ အဲဒါ ငါ့သား သေသေချာချာ မှတ်ထားပါ )
အဖေသည် ထိုမျှသာ ပြောပြီး လမ်းကို ဆက်လျှောက်၏ ။ ကျွနု်ပ်လည်း မန္တလေးမြို့မှ ထင်ဟပ်လာသော ကောင်းကင်မှ အလင်းရောင်ကိုကြည့်ပြီး မသိမသာ လှုပ်ခတ်သော ငလျင်ကဲ့သို့ ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲမှ
သွေးကြောများ လှုပ်ရှားသွားလေ၏ ။
ယခုကား ကျွနု်ပ်၏ အဖေမရှိတော့ပြီ ။စိတ်ကူးယဉ် ဆန်တတ်သော အတွေးတို့လည်း ပျက်လွင့်စပြုပြီ ။ မြန်မာနိုင်ငံ၏ ပြည်တွင်းတွင်လည်း ပဋိပက္ခတို့ ဟိုတစ်စု ၊ သည်တစ်စု။ မိမိဘာလုပ်ရမည်မသိ။ ငယ်ငယ်ကကဲ့သို့
စိတ်ကူးယဉ်ဆန်၍ မရတော့ဘူးဆိုတာ သိလာချေပြီ ။ တစ်ခုခုကို အကောင်အထည်ဖော်မှ ဖြစ်မည်ဆိုတာလည်း နားလည်လာသည်။ တိုင်းပြည်နှင့် လူမျိုး ၊ အမျိုးဘာသာနှင့် သာသနာကို မကွယ်ပျောက်စေဖို့ တင်းသင့်သည့်နေရာ
တင်းရမည်။ လျော့သင့်သည့် နေရာ လျော့ရမည်။ မိမိနှလုံးသားထဲတွင်ကား ကျွန်ုပ်တို့ကိုယ်ပိုင်နိုင်ငံကို တစ်ခြား လူမျိုးထံရောင်းချမည်ကြံနေသော အဖွဲ့အုပ်စုများနှင့် မိမိကိုယ်ကိုယ် နိုင်ငံကို ကာကွယ်နေသောသူဟု အမွမ်းခံချင်
သော တကယ်အလုပ်မလုပ်သည့် အုပ်စုများနှင့်အတူ မြန်မာတိုင်းရင်းသားမဟုတ်သော ရိုဟင်ဂျာတို့ပြဿနာကိုသာ ရှေ့ရှုတွေးနေမိတော့ပါသည်။
လေးစားစွာဖြင့်
မိန်နွေ
7.5.2013
မှတ်ချက် ။ ။ ဤစာမူသည် ကျွန်ုပ် မွေးရပ်မြေဖြစ်သော ငါန်းဇွန်မြို့ ၊ မန်းကျည်းကုန်းရွာရောက်ခဲ့စဉ်က အိပ်မပျော်သောညတစ်ညတွင် ရေးသားခဲ့ပါသည်။ လွမ်းမောဖွယ်ပေစွ ။ ။

0 မွတ္ခ်က္:
Post a Comment