မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ညောင်ပင်ကျောင်းတိုက်၌ သူငယ်တန်းမှ သတ္တမတန်းအထိ ပညာသင်ယူနေသော
ကျောင်းသားကျောင်းသူပေါင်း (၂၈၀)ကျော်ရှိပါသည်။ တတိယတန်းမှ
သတ္တမတန်းအထိစနစ်တကျ စာသင်ခုံများနှင့် သင်ကြားနေရသော်လည်း
ကျောင်းသားဦးရေများပြားသည့် သူငယ်တန်း မှ ဒုတိယတန်းအထိ ကျောင်းသားများကို ကြမ်းပြင်ပေါ်မှာရေးရသည့်ဖြစ်သလိုစာသင်ခုံလေးများနဲ့ စာသင်နေကြရသည်၊
ထိုကျောင်းသားများအတွက် စာသင်ခုံ(၅၀)ခန့်လိုအပ်လျှက်ရှိရာ
ကျောင်းအုပ်ဆရာတော်မှ Go there သတင်းတွင် ကွက်လပ်လေးများဖြည့်ပေးပါ ဆိုသည့် ကြော်ငြာဖြင့် ကုသိုလ်ရှင်များဖိတ်ခေါ်လိုက်ရာ သဒ္ဓါစွမ်းအားကြီးမားသူများဖြစ်သည့်အလျောက် အမှန်တကယ်လိုအပ်နေသော
ကွက်လပ်တွေဖြစ်တဲ့ စာသင်ခုံ(၅၀)ခန့်မှ စာသင်ခုံ(၂၅)လုံးအတွက် (၆၂၅၀၀၀)ကျပ်ကို ကမ္ဘောဇဘဏ်မှတစ်ဆင့်ပေးပို့လှူဒါန်းသော ည/၂၁ အသောကလမ်း ဘုရင့်နောင် ရန်ကုန်မြို့
ဦးဖန်+ဒေါ်ဝေအင်းမိသားစုအား အထူးပင်ကျေးဇူးတင် ဝမ်းမြောက်နုမော်သာဓုခေါ်မိပါသည်။
ဖတ်ရှုများသောပို့စ်မျး
-
ကိုထွန်းဦး ကိုဆန်းထက်လင်း ဦးဆောင်သော ကိုရီးယားရောက် သူငယ်ချင်းများမှ နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင...
-
စိမ်းလန်းမြေ ပရဟိတ ညီအကိုမောင်နှမများ(မိတိလာတာဝန်ခံ ဆရာမဒေါ်သန်းသူဇာဦးဆောင်သော) အဖွဲ့မှ တောင်သူလယ်သမားနေ့ အမှတ်တရအဖြစ် အမှန်တကယ်လိုအပ်လျှက...
-
၁၂.၅.၂၀၁၃ နေ့တွင် နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းအရည်အချင်းစစ် စာမေးပွဲ ကျင်းပပါသည် သင်တန်းကို ယဉ်ကျေးလိမ္မာသော အမျိုးဘာသာ သာသနာကို ချစ်မြတ...
-
ထိန်ညီးလျှံ ခြေရင်းက မီးဇာစ ဖယောင်းလို ကြီးစွာပ မေတ္တာယို ခန္ဒွာကိုယ် သူလောင်ကျွမ်း စေတနာ စွမ်းရည်မှန် အမှောင်ထံ လင်းစေလို့ ခမ်း ။ြ...
-
နွားထိုးကြီးမြို့၊အမှတ်(၂)ရပ်ကွက်နေ ကြင်စဦးဇနီးမောင်နှံများဖြစ်ကြသော ကိုကျော်ထက်နောင်+မသီရိမျက်သွယ် တို့မှ ညချမ်းကိုအလှဆင်သည့်အနေဖြင...
-
နွားထိုးကြီးမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ကျောင်းသားကျောင်းသူလေးများ၏ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပ...
-
န်တော့်ဆီကို ဒီရက်ပိုင်း ငဘုဏ်း (Ashin Paññā Vamsa) ရောက်လာပြီး နေ့နေ့ညည ငြင်းခုံစကားပြောဖြစ်သည်။ ကျွန်တော်သည် ငြင်းခုံခြင်းကို ...
1 မှတ်ချက်:
သာဓုခေါ်ဆိုပါတယ်.. အလှုရှင်တွေ ဒိထက်ပို မိုလှုဒါန်းနိုင်ပါစေလို့ 
Post a Comment