မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ညောင်ပင်ကျောင်းတိုက်၌ သူငယ်တန်းမှ သတ္တမတန်းအထိ ပညာသင်ယူနေသော
ကျောင်းသားကျောင်းသူပေါင်း (၂၈၀)ကျော်ရှိပါသည်။ တတိယတန်းမှ
သတ္တမတန်းအထိစနစ်တကျ စာသင်ခုံများနှင့် သင်ကြားနေရသော်လည်း
ကျောင်းသားဦးရေများပြားသည့် သူငယ်တန်း မှ ဒုတိယတန်းအထိ ကျောင်းသားများကို ကြမ်းပြင်ပေါ်မှာရေးရသည့်ဖြစ်သလိုစာသင်ခုံလေးများနဲ့ စာသင်နေကြရသည်၊
ထိုကျောင်းသားများအတွက် စာသင်ခုံ(၅၀)ခန့်လိုအပ်လျှက်ရှိရာ
ကျောင်းအုပ်ဆရာတော်မှ Go there သတင်းတွင် ကွက်လပ်လေးများဖြည့်ပေးပါ ဆိုသည့် ကြော်ငြာဖြင့် ကုသိုလ်ရှင်များဖိတ်ခေါ်လိုက်ရာ သဒ္ဓါစွမ်းအားကြီးမားသူများဖြစ်သည့်အလျောက် အမှန်တကယ်လိုအပ်နေသော
ကွက်လပ်တွေဖြစ်တဲ့ စာသင်ခုံ(၅၀)ခန့်မှ စာသင်ခုံ(၂၅)လုံးအတွက် (၆၂၅၀၀၀)ကျပ်ကို ကမ္ဘောဇဘဏ်မှတစ်ဆင့်ပေးပို့လှူဒါန်းသော ည/၂၁ အသောကလမ်း ဘုရင့်နောင် ရန်ကုန်မြို့
ဦးဖန်+ဒေါ်ဝေအင်းမိသားစုအား အထူးပင်ကျေးဇူးတင် ဝမ်းမြောက်နုမော်သာဓုခေါ်မိပါသည်။
ဖတ်ရှုများသောပို့စ်မျး
-
စိမ်းလန်းမြေ ပရဟိတ ညီအကိုမောင်နှမများ(မိတိလာတာဝန်ခံ ဆရာမဒေါ်သန်းသူဇာဦးဆောင်သော) အဖွဲ့မှ တောင်သူလယ်သမားနေ့ အမှတ်တရအဖြစ် အမှန်တကယ်လိုအပ်လျှက...
-
တက္ကသိုလ်ဝင်တန်းပညာရပ်များဆည်းပူးခဲ့စဉ်က နေထိုင်ခဲ့ဖူးသည့် ညောင်ပင်(ဘ/က)ပညာရေး ကျောင်းတော်ကြီးကို ကျေးဇူးသိမြင်သောအားဖြင့် လည်းကောင်း...
-
မောင်ဝေယံစိုး (ညောင်ပင်ဘုန်းတော်ကြီးသင် မူလွန်) နှင့် မလွင်အာကာယဉ် အ.မ.က အုန်းကုန်း တံတာဦးမြို့မ ကြင်စဦး ဇနီးမောင်နှံ မှ မင်္ဂလ...
-
ယနေ့ကမ္ဘာတွင် ၀ိပဿနာတရားကို အထူးပြန့်ပွားအောင် ဆောင်ရွက်နေနိုင်သူမှာ ကမ္မဋ္ဌာန်း ဆရာကြီး ဦးဂိုအင်ကာ ဖြစ်သည်။ ဦးဂိုအင်ကာသည် ...
-
၁-ဘဒ္ဒန္တဣန္ဒကပဏ္ဍိတ (နွားထိုးကြီးနွယ်ဖွား ဆရာတော်များ)... ၂-ဘဒ္ဒန္တ၀ါသ၀ (နွားထိုးကြီးနွယ်ဖွား ဆရာတော်များ) ၃-ဘဒ္ဒန္တတိလောက (နွားထိုးကြီးနွယ်ဖွား ...
-
၁၃၈၁-ခုနှစ် တပိုတွဲလဆန်း (၁၂)ရက် (5.2=2020) ဗုဒ္ဓဟူးနေ့ ညောင်ပင်(ဘ.က)ဓမ္မစကူးလ် တနှစ်တာ စာသင်နှစ်ပြီးဆုံးခြင်း သင်တန်းဆင်းပွဲ ပုံရိပ်မျာ...
-
၂-ဘဒ္ဒန္တ၀ါသ၀ (၂) သက်တော်(၈၉)၊ ၀ါတော်(၆၉)၀ါရှိ ဘဒ္ဒန္တ၀ါသ၀၏ အတ္ထုပ္ပတ္တိအကျဉ်း ဇာတိ = သဲတောကန်ကျေးရွာ၊ နွားထိုးကြီးမြို့ မိဘ = ဦးဘို...

1 မှတ်ချက်:
သာဓုခေါ်ဆိုပါတယ်.. အလှုရှင်တွေ ဒိထက်ပို မိုလှုဒါန်းနိုင်ပါစေလို့ 
Post a Comment