(ဘ.က)ညောင်ပင်ကျောင်းတော်ကြီးတွင် ပညာသင်ယူနေကြသော
မူလတန်းနှင့် မူလတန်းလွန်ကျောင်းသားကျောင်းသူပေါင်း
၂၈၀ကျော်တို့အား ယဉ်ကျေးမှု ဘာသာရပ်များ မူလတန်းနှင့်
အလယ်တန်းပညာ အထက်တန်းပညာရပ်များနှင့် ကွန်ပျူတာ
ပညာရပ်များ ဆက်လက်တိုးမြှင့်သင်ကြားနိုင်ရန်အတွက် ရှေ့ရှု၍
လည်းကောင်း (ဘ.က) ညောင်ပင်ကျောင်းတော်ကြီး၏
ပညာဂုဏ်ရောင် ထာဝရ ထွန်းလင်းတောက်ပစေရန် အတွက်
ရှေ့ရှု၍လည်းကောင်း မိမိတို့ဖြစ်လေရာ ဘ၀သံသရာ ၌
အသိအလိမ္မာ ပညာအဆင့်အတန်းမြင့်မားစေရန်အတွက်
ရှေ့ရှု၍လည်းကောင်း ထာဝရ ရှင်သန်နေသော အပင်နှင့်တူသော
ပညာရေး အထောက်အကူပြု ပင်မငွေပဒေသာပင်ကို
တပည့်ကျောင်းသားဟောင်းများနှင့်တကွ စေတနာရှင်များမှ
မိမိတို့စေတနာအလျောက်စိုက်ထူလှူဒါန်းခဲ့ကြပါသည်။
သင့်မှာလည်း ထာဝရ ရှင်သန်နေမည့် အပင်စိုက်ဖို့
အခွင့်အရေးရှိပါသည်။

0 မှတ်ချက်:
Post a Comment