ဝမ်းသာကြည်နူးမိခြင်း
အမှတ်(၂)ရပ်ကွက် ညောင်ပင်ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွင်း၌ ကလေးသူငယ်များ အား ရဟန်းတော်များကံကြီးကံငယ်ဆောင်ရာ သိမ်တိုက်အတွင်းနှင့်
ဓမ္မာရုံအတွင်း၌ မလုံလောက်ပါသဖြင့် သစ်ပင်အောက်များတွင် အဆောက်အဦးမရှိ ဖြစ်သလိုပညာသင်ကြားပေးနေရခြင်းအား မြင်တွေ့ရပါသဖြင့် သနားကြင်နာ
ကရုဏာထားစွာ လိုအပ်သော ကွက်လပ်အား မောင်စိုးမြင့် (မြင်းခြံ ရွှေအုန်းပင်ငှက်ပျောရောင်းဝယ်ရေး)နှင့် မနုထွေးမောင်(ရွှေပြည်ဆီစက် နွားထိုးကြီးမြို့)
တို့မှ မင်္ဂလာဦးကုသိုလ်အဖြစ် သိန်း(၆၀) အကုန်အကျခံ၍ မေတ္တာရွှေစင် စာသင်ကျောင်းဆောင်နှင့် မေတ္တာရွှေစင် ရေချမ်းစင်တို့အား ( 7.1.2010)နေ့တွင်
ကြည်သာရွှင်ပျ အလှူဒါနပေးလှူခြင်းအား လှိုက်လှဲဝမ်းသာကြည်နူးမိပါသည်။

0 မှတ်ချက်:
Post a Comment