လူနာမေးတာများ အဆန်းလုပ်ပြီးရေးရသလားလို့ စာဖတ်သူထင်ချင်ထင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ တကယ်ကို ဆန်းလို့ရေးလိုက်တာပါ။ သင်ကော လူနာမေးတတ်ပါလားလို့ မေးရင် သင်ဘယ်လိုဖြေမလဲ။
အမှန်တော့ လူနာမေးတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ လူတော်တော်များများကလည်း လူနာကို မမေးတတ်ပါဘူး။ လူနာစားဖို့ မုန့်ပဲ၊သရေစာဝယ်လာမယ်။ ပြီးရင် ဘာဖြစ်တယ်၊ညာဖြစ်တယ် မေးမယ်။
ဒါပါပဲ။ ဒါက ခင်ဗျားတို့ ၊ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်ကြီးပါ။ အမှန်တကယ်က လူနာမေးခြင်းဟာ ဝေဒနာရှင်လူနာကို အားပေးတဲ့စကားတွေ တ၀ကြီးပြောရမှာပါ။ တစ်ချို့သော လူတို့က လူနာလာမေးတဲ့အခါမှာ
လူနာကို အားပေးစကားပြောတာနည်းနည်း၊ စည်းမရှိ ကမ်းမရှိ ဘေးကလူနဲ့စကားပြောပြောများများဖြစ်နေပါတယ်။ စကားမပြောနဲ့မဟုတ်ပါဘူး။ ပြောပါ။





