google-site-verification=gxI9Vw8JzyzHFFF0-A2wV4ejpLwkWuPZ1SDszgEy2gE ရွှေတိဂုံဆံတော်ရှင် စေတီတော်ဘုရားရှိခိုး - ဘ.က ညောင်ပင်ကျောင်း မှ ကြိုဆိုပါ၏
Home » » ရွှေတိဂုံဆံတော်ရှင် စေတီတော်ဘုရားရှိခိုး

ရွှေတိဂုံဆံတော်ရှင် စေတီတော်ဘုရားရှိခိုး

၁။ ယော ဒီပင်္ကရမူလမှိ
ပဒံ ဟတ္ထဂတံ စဇိ
သမ္မာသမ္ဗောဓိ မာကင်္ခံ
ဝန္ဒေ တဿ သိရောရုဟံ။
ယော နာထော - အကြင် မြတ်စွာဘုရားသည်
ဒီပင်္ကရမူလမှိ - ဒီပင်္ကရာဘုရားရှင် ခြေတော်ရင်း၌
သမ္မာသမ္ဗောဓိံ - သဗ္ဗညုဘုရားဆုကို
အာကင်္ခံ အာကင်္ခန္တော - အလိုရှိတော်မူသည်ဖြစ်၍
ဟတ္ထဂတံ - လက်တော်သို့ ရောက်လုဆဲသော
ပဒံ - နိဗ္ဗာန်ချမ်းသာကို
စဇိ - စွန့်တော်မူလေပြီ
တဿ နာထဿ - ထိုမြတ်စွာဘုရား၏
သိရောရုဟံ - ဦးခေါင်းတော်၌ရောက်သော ဆံတော်ဓာတ်ကို
အဟံ - အကျွန်ုပ်သည်
ဝန္ဒေ ဝန္ဒာမိ - ရှိခိုးပါ၏
၂။ ပူရေတွာ ဗောဓိသမ္ဘာရ
မသေသံ ယော အနုတ္တင်္ံရ
မလတ္ထ ဗုဒ္ဓတံ္တ တဿ
ကေသဓာတုဝရံ နမေ။
ယော နာထော - အကြင် မြတ်စွာဘုရားသည်
ဗောဓိသမ္ဘာရံ - သဗ္ဗညုတဥာဏ်၏ အဆောက်အဦး ပါရမီအပေါင်းကို
အသေသံ - အကြွင်းမဲ့
ပူရေတွာ - ဖြည့်တော်မူပြီး၍
အနုတ္တရံ - အတုမရှိသော
ဗုဒ္ဓတ္တံ - ဘုရားအဖြစ်ကို
အလတ္ထ - ရတော်မူလေပြီ
တဿ နာထဿ - ထိုမြတ်စွာဘုရား၏
ကေသဓာတုဝရံ - ဆံတော်မြတ်ကို
အဟံ - အကျွန်ုပ်သည်
နမေ နမာမိ - ရှိခိုးပါ၏
၃။ လဒ္ဓါ ဗုဒ္ဓတံ္တ ဆဋ္ဌာနံ
အတိက္ကမ္မ ပဝေဒယိ
ဝိမုတိံ္တ ရာဇာယတနေ
တဿ ကေသဝရံ နမေ။
ယော နာထော - အကြင် မြတ်စွာဘုရားသည်
ဗုဒ္ဓတံ္တ - ဘုရားအဖြစ်ကို
လဒ္ဓါ - ရတော်မူပြီး၍
ဆဋ္ဌာနံ - ခြောက်ပါးသောဋ္ဌာနကို
အတိက္ကမ္မ - လွန်တော်မူ၍
ွှရာဇာယတနေ - ခုနှစ်ခုမြောက်သော လင်းလွန်းပင်ရင်း၌
ဝိမုတ္တိံ - ဖလသမာပတ်ကို
ပဝေဒယိ - အထူးထူးအပြားပြား ခံစားတော်မူလေပြီ။
တဿ နာထဿ - ထိုမြတ်စွာဘုရား၏
ကေသဝရံ - ဆံတော်မြတ်ကို
အဟံ - အကျွန်ုပ်သည်
နမေ နမာမိ - ရှိခိုးပါ၏
၎။ တတ္ထ သက္ကဒတ္တိယမ္ပိ
နာဂလတံ ဟရီတကံ
အနောတတ္တောဒကံ ဘုဉ္ဇိ
ဝန္ဒေ တဿ သိရောရုဟံ။
ယော နာထော - အကြင် မြတ်စွာဘုရားသည်
တတ္တ - ထိုရာဇာယတန သတ္တာဟ၌
သက္ကဒတ္တိယံ - သိကြားမင်းလှုသော
နာဂလတမ္ပိ - ကွမ်းရိုးဒန်ပူကို လည်းကောင်း
ဟရီတကမ္ပိ - ကြဇုသီးကို လည်းကောင်း
အနောတတ္တာ - အနောတတ္တအိုင်မှ
ဥဒကမ္ပိ - ရေကိုလည်းကောင်း
ဘုဉ္ဇိ - သုံးဆောင်တော်မူလေပြီ
တဿ နာထဿ - ထိုမြတ်စွာဘုရား၏
သိရောရုဟံ - ဦးခေါင်းတော်၌ရောက်သော ဆံတော်ဓာတ်ကို
အဟံ - အကျွန်ုပ်သည်
ဝန္ဒေ ဝန္ဒာမိ - ရှိခိုးပါ၏
၅။ တဒါ မုဂ္ဂ သေလ ပတံ္တ
မဟာရာဇူဟိ ဒိန္နကံ
တထာဂတော ပဋိဂ္ဂဏှိ
ဝန္ဒာမိ တဿ သီသဇံ။
ယော နာထော - အကြင်မြတ်စွာဘုရားသည်
တဒါ - ထိုရာဇာယတနသတ္တာဟဝယ် နေတော်မူသောအခါ၌
မဟာရာဇူဟိ - စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည်
ဒိန္နကံ - လှူအပ်သော
မုဂ္ဂသေလပတ္တံ - ပဲနောက်အဆင်း ကျောက်ညိုသပိတ်ကို
တထာဂတော - ရှေးဘုရားတို့ကဲ့သို့အလား အကျင့်ရှိတော်မူသည်ဖြစ်၍
ပဋိဂ္ဂဏှိ - ခံတော်မူပြီ
တဿ နာထဿ - ထိုမြတ်စွာဘုရား၏
သီသဇံ - ဦးခေါင်းတော်၌ရောက်သော ဆံတော်ကို
အဟံ - အကျွန်ုပ်သည်
ဝန္ဒာမိ - ရှိခိုးပါ၏
၆။ တဒါ ဒိန္နံ ဒွေဘာတိက
ဇနေဟိ မဓုပိဏ္ဍိကံ
ပရိဘုဉ္ဇေသိ မန္ထမ္ပိ
တဿ သီသသိရိံ နမေ။
ယော နာထော - အကြင် မြတ်စွာဘုရားသည်
တဒါ - ထို ရာဇာယတနသတ္တာဟဝယ် နေတော်မူသောအခါ၌
တတ္ထ - ထိုလင်းလွန်းပင်ရင်းသို့
ဥပဂတေဟိ - ဆည်းကပ်လာကုန်သော
ဒွေဘာတိကဇနေဟိ - တပုဿ ဘလ္လိက ညီနောင်နှစ်ယောက်တို့သည်
ဒိနံ္န - ပေးလှူအပ်သော
မဓုပိဏ္ဍိကံ - ပျားမုန့်ဆုပ်ကို လည်းကောင်း
မန္ထမ္ပိ - မုန့်ကြွက်ကျစ်ကို လည်းကောင်း
ပရိဘုဉ္ဇေသိ - ဘုဉ်းပေးတော်မူလေပြီ။
တဿ နာထဿ - ထိုမြတ်စွာဘုရား၏
သီသသိရိံ - ဦးခေါင်းတော်၏ ကျက်သရေဖြစ်သော ဆံတော်ဓာတ်မြတ်ကို
အဟံ - အကျွန်ုပ်သည်
နမေ နမာမိ - ရှိခိုးပါ၏
၇။ ယော တပုဿ ဘလ္လိကာနံ
တဒါ ဒွိသရဏံ အဒါ
လောကမှိ သဗ္ဗပဌမံ
တဿ သီရိဝရံ နမေ။
ယော နာထော - အကြင် မြတ်စွာဘုရားသည်
တဒါ - ထို ရာဇာယတန သတ္တာဟဝယ် နေတော်မူသောအခါ၌
တပုဿဘလ္လိကာနံ - တပုဿ ဘလ္လိက ညီနောင်တို့အား
လောကမှိ - လောကသုံးပါး၌
သဗ္ဗပဌမံ - ခပ်သိမ်းသောသူတို့၏ လက်ဦးစွာ
ဒွိသရဏံ - ဒွေဝါစိက သရဏဂုံကို
အဒါ - ပေးတော်မူလေပြီ
တဿ နာထဿ - ထိုမြတ်စွာဘုရား၏
သီရိဝရံ - ကျက်သရေကို ဆောင်တတ်သော ဆံတော်မြတ်ကို
အဟံ - အကျွန်ုပ်သည်
နမေ နမာမိ - ရှိခိုးပါ၏
၈။ တဒါ တတ္ထုပဋ္ဌာကာနံ
တေသံ ကေသေ အဒါ အဋ္ဌ
လောကဟိတ မပေက္ခန္တော
နာထော ယော တဿ တေ နမေ။
ယော နာထော - အကြင် မြတ်စွာဘုရားသည်
တဒါ - ထိုရာဇာယတန သတ္တာဟဝယ် နေတော်မူသောအခါ၌
တတ္ထ - ထိုလင်းလွန်းပင်ရင်းသို့
ဥပဋ္ဌာကာနံ - ဆည်းကပ်လာကုန်သော
တေသံ - ထိုတပုဿ ဘလ္လိကညီနောင်တို့အား
အဋ္ဌကေသေ - ဆံတော်ရှစ်ဆူတို့ကို
လောကဟိတံ - သတ္တလောက၏ အစီးအပွားကို
အပေက္ခန္တော - အရှည်ထောက်ရှု့တော်မူလျက်
အဒါ - ပေးအပ်တော်မူလေပြီ
တဿ နာထဿ - ထိုမြတ်စွာဘုရား၏
တေ အဋ္ဌကေသေ - ထိုဆံတော်ရှစ်ဆူတို့ကို
အဟံ - အကျွန်ုပ်သည်
နမေ နမာမိ - ရှိခိုးပါ၏
၉။ တေပိ တံ အာဟရိတွာန
ပေါက္ခရဗ္ဗတိယံ ကရုံ
သဇီဝ ကေသ စေတီယံ
နမေတံ သဗ္ဗပုဗ္ဗကံ။
တေပိ - ထိုတပုဿ ဘလ္လိက ညီနောင်တို့သည်လည်း
တံ - ထိုဆံတော်ဓာတ်ကို
အာဟရိတွာန - ဆောင်ကုန်၍
ပေါက္ခရဗ္ဗတိယံ - အသိတဉ္စနမည်သော ပေါက္ခရဝတီမြို့၌
သဇီဝကေသ စေတီယံ - သက်တော်ထင်ရှားရှိသော သဗ္ဗညုမြတ်စွာဘုရား၏ ဆံတော်စေတီကို
အကရုံ - ပြုလေကုန်ပြီ
သဗ္ဗပုဗ္ဗကံ - ခပ်သိမ်းသောစေတီတို့၏ ရှေးဦးဖြစ်သော
တံ - ထိုဆံတော်စေတီကို
အဟံ - အကျွန်ုပ်သည်
နမေ နမာမိ - ရှိခိုးပါ၏
၁၀။ ဥပေါသထု ပေါသထမှိ
မုဉ္စနံ္တ နီလရသ္မိယော
ဘဂဝါဝ လောကအတံ္ထ
ကရောနံ္တ တံသဒါနမေ။
ဥပေါသထု ပေါသထမှိ - ဥပုသ်နေ့တိုင်း ဥပုသ်နေ့တိုင်း၌
နီလရသ္မိ ယော - ညိုသောရောင်ခြည်တော်တို့ကို
မုဉ္စနံ္တ - လွှတ်ပြလျှက်
ဘဂဝါဝ - သက်တော်ထင်ရှားရှိသော သဗ္ဗညုဘုရားကဲ့သို့
လောကအတံ္ထ - လူတို့အကျိုးစီးပွားကို
ကရောနံ္တ - ပြုတော်မူတတ်သော
တံ - ထိုဆံတော်စေတီကို
အဟံ - အကျွန်ုပ်သည်
သဒါ - အခါခပ်သိမ်း
နမေ နမာမိ - ရှိခိုးပါ၏
၁၁။ စူဠာမဏိ ဒုဿစေတျံ
ကာလမှိ ဗောဓိသတ္တကေ
ဗုဒ္ဓကာလေ ဣဒံ သဗ္ဗ
ပဌမံ တံ နမာမဟံ။
စူဠာမဏိ ဒုဿစေတျံ - တာဝတိံသာ စူဠာမဏိစေတီ ဗြဟ္မာပြည် ဒုဿစေတီ ဤစေတီနှစ်ဆူသည်
ဗောဓိသတ္တကေ - ဘုရားလောင်းလက်ထက်ဖြစ်သော
ကာလမှိ - ကာလ၌
သဗ္ဗပဌမံ - ခပ်သိမ်းသော စေတီတို့၏ရှေးဦးစွာဖြစ်၏
ဗုဒ္ဓကာလေ - ဘုရားရှင်လက်ထက်၌
ဣမံ - ဤရွှေတိဂုံ ဆံတော်စေတီသည်
သဗ္ဗပဌမံ - ခပ်သိမ်းသော စေတီတို့၏ ရှေးဦးစွာဖြစ်၏
တံ တာဒိသံ - ထိုသို့ သဘောရှိသော ဆံတော်စေတီကို
အဟံ - အကျွန်ုပ်သည်
နမာမိ - ရှိခိုးပါ၏
၁၂။ နမေမဟံ ဝန္ဒာမဟံ
ပူဇေမဟံ သိရောရုဟံ
ပုညမိဒံ ဘဝတုမေ
ပစ္စယော အာသဝက္ခယေ။
အဟံ - အကျွန်ုပ်သည်
သိရောရုဟံ - ဆံတော်ဓာတ်မြတ်ကို
နမာမိ - ရှိခိုးပါ၏
အဟံ - အကျွန်ုပ်သည်
သိရောရုဟံ - ဆံတော်ဓာတ်မြတ်ကို
ဝန္ဒာမိ - ချီးမွမ်းပါ၏
အဟံ - အကျွန်ုပ်သည်
သိရောရုဟံ - ဆံတော်ဓာတ်မြတ်ကို
ပူဇေမိ - ပူဇော်ပါ၏
ဣဒံပုညံ - ဤကောင်းမှု့အပေါင်းသည်
မေ - အကျွန်ုပ်အား
အာသဝက္ခယေ - အာသဝေါတရားလေးပါး ကုန်ခြင်း၌ အာသဝေါတရား လေးပါး ကုန်ခြင်း၏
ပစ္စယော - အကြောင်းသည်
ဘဝတု - ဖြစ်ပါစေသတည်း။
(မောင်းထောင်ဆရာတော်ဘုရားကြီး၏ ရွှေတိဂုံဆံတော်ရှင် ထောမနာ ၁၂ ဂါထာအား ပြန်လည်မျှဝေပါ၏)
Crd (ခင်လပြည့်ဝန်း)

0 မှတ်ချက်:

ဖတ်ရှုများသောပို့စ်မျး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်