“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာအယူဝါဒထူထောင်ဖွဲ့စည
်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ...်ရပ်”ကို ရဲဝံ့ပြတ်သားစွာဟောကြားခဲ့ ပါသည်။ ဗုဒ္ဓ ၏ ထို မိန့်ဆိုချက်မှာ…… “အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊ သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက် ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။
(၁) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြားသိမှတ်လာခဲ့တာပဲ လို့“ရှေးစကား”ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။
(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ”ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ် တယ် လို့ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။
(၃) လူအများကပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား“နာမည်ကျော်ကြားရုံ”နဲ့ မစုံစမ်းမဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။
(၄) “ရှေးဟောင်းစာပေကျမ်းဂန်”တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံလိုက်ပါနဲ့ဦး။
(၅) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ”ကိုလည်းပဲ မှန်လှပြီ လို့မသတ် မှတ် လိုက်ပါနဲ့ဦး။
(၆) အဲဒီတရားအယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ”တွေ၊ အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက် ပါနဲ့ဦး။
(၇) မိမိဘာသာ“တွေးခေါ်ကြံစည်ဆင်ခြင်ပြီး”။ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။
(၈) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစားတွေးတောထားတာတွေနဲ့“တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။
(၉) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး”ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။
(၁၀) ငါတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့“ငါတို့ဆရာသမား”ပြောကြားတဲ့စကားပဲ ဆိုပြီတော့ လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။
“ကာလာမ လူမျိုးတို့…… သင်၏ကိုယ်ပိုင်ဉာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ….. ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။ ဤတရားတို့ကား..အကျိုးမဲ့အပြစ်ကိုသာဖြစ်စေသောတရားတို့တည်း။ ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်းမဟုတ်သောတရား တို့ပေတည်း……ဟု ရှောင်ရှားပယ်စွန့်သင့်သည်တို့ကိုစွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန်တကယ် ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ….ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။ “ဗုဒ္ဓ” က… “ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။ ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …. သစ္စာ(၄)ပါး၊မဂ္ဂင်(၈)ပါး..တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့ သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ”…ဟု.. ဟောကြားရဲခြင်းသည်… ဓမ္မ၏မြင့်မြတ်မှန်ကန်သော..ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ကမ္ဘာပေါ်ရှိဘာသာအယူဝါဒမျိုးစုံတို့ အတွက် “အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။
ဖတ်ရှုများသောပို့စ်မျး
-
စိမ်းလန်းမြေ ပရဟိတ ညီအကိုမောင်နှမများ(မိတိလာတာဝန်ခံ ဆရာမဒေါ်သန်းသူဇာဦးဆောင်သော) အဖွဲ့မှ တောင်သူလယ်သမားနေ့ အမှတ်တရအဖြစ် အမှန်တကယ်လိုအပ်လျှက...
-
ပင်မငွေပဒေသာပင်စိုက်ထူလှူဒါန်းခြင်း မေတ္တာရှင်ဆရာတော်အရှင်ဇဝန အားဦးထိပ်ထား၍ နွားထိုကြီးမြို့ သာသနာနုဂ္ဂဟအသင်းအလှူရှင်များမှ အမှတ်(၂)ရပ်ကွက...
-
ယဉ်ယဉ်ဆိုတာက ယောက်ျားဆုံးသွားတဲ့ တစ်ခုလပ်မလေးရယ်ပါ။ သူမမှာ လေးတန်းအရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။ သူမက ကုမ္ပဏီတစ်ခုရဲ့ စာရင်းစစ်ဝန်ထန်းဆိုတေ...
-
ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်သော ဗုဒ္ဓမြတ်စွာသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မယ်တော်မာယာဒေ၀ီ မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်၏။ သက်တော်...
-
နွားထိုးကြီးမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ကျောင်းသားကျောင်းသူလေးများ၏ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပ...
-
ယနေ့ (၂၅-၂-၂၀၂၀)နေ့လယ်၁၂နာရီအချိန်တွင် တိုးရစ်မိသားစုသည် တက်စီသမား၏လမ်းညွှန်မှုဖြင့် ညောင်ပင်(ဘ/က)ပညာရေးကျောင်းတွင်ရောက်ရှိ...
-
ငယ်စဉ်တောင်ကျေး ကလေးဘဝက ပညာသင်ယူခဲ့သည့် ကျောင်းတော်ကြီး၏ကျေးဇူး ဆရာတော်ဘုရား၏ကျေးဇူးကိုသိမြင်သည့်အလျှောက် ပြန်လည်ပေးဆပ်သည့်အနေဖြင့် ပြင်ဦ...
0 မွတ္ခ်က္:
Post a Comment