လောက၌ ပုဂ္ဂိုလ်လေးမျိုး ရှိကုန်၏။
၁။ အမှောင်၌ ဖြစ်၍(အမှောင်ကလာ၍)
အမှောင်လျှင် လည်းလျောင်း ရာရှိသော ပုဂ္ဂိုလ်၊(အမှောင်သို့ပြန်မည့်သူ)
၂။ အမှောင်၌ ဖြစ်၍(အမှောင်ကလာ၍)
အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်၊(အလင်းသို့သွားမည့်သူ)
၃။ အလင်း၌ ဖြစ်၍(အလင်းကလာ၍)
အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်(အမှောင်သို့သွားမည့်သူ)
၄။အလင်း၌ ဖြစ်၍(အလင်းကလာ၍)
အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်(အလင်းသို့ပြန်မည့်သူ)တို့တည်း။
၁။အမှောင်၌ ဖြစ်၍(အမှောင်ကလာ၍)
အမှောင်လျှင် လည်းလျောင်း ရာရှိသော ပုဂ္ဂိုလ်၊(အမှောင်သို့ပြန်မည့်သူ)ဟူသည်
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍား စသောအမျိုး၌ ဖြစ်၏။ ဆင်းရဲ၏။ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏။ ငြိုငြင်သဖြင့် အ သက်မွေးရ၏။ ယင်းအမျိုး၌ အစားကို ငြိုငြင်စွာ အဝတ်ကို ငြိုငြင်စွာ ရ၏။ ထိုသူသည် အဆင်း လည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏။ အနာလည်း များ၏။ ကန်းသူသော်၎င်း၊-ကောက်သူသော်၎င်း၊ ခွင်သူသော်၎င်း၊ ဆွံ့သူသော် ၎င်း ဖြစ်ရ၏။ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အဆောက် အဦကို ရသူ မဟုတ်။
ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ မကောင်း-သောအကျင့်ကို ကျင့်ကာ ကိုယ်ခန္ဓာပျက်စီး၍-သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရောက် ရာဖြစ်သော ငရဲ၌ ဖြစ်ရမည့်သူဖြစ်၏။
၂။အမှောင်၌ ဖြစ်၍(အမှောင်ကလာ၍)
အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်(အလင်းသို့သွားမည့်သူ)ဟူသည်
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍား စသောအမျိုး၌ ဖြစ်၏။ ဆင်းရ၏။ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏။ ငြိငြင်သဖြင့် အသက်-မွေးရ၏။ ယင်းအမျိုး၌ အစားကို ငြိုငြင်စွာ အဝတ်ကို ငြိုငြင်စွာ ရ၏။ ထိုသူသည် အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွ လည်း ပုကွ၏။ အနာလည်း များ၏။ ကန်း သူသော်၎င်း၊ ကောက်သူသော်၎င်း၊ ခွင်သူသော် ၎င်း၊ ဆွံ့သူသော်၎င်း ဖြစ်၏။ ထမင်းအဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ -နေရာ ဆီမီး အသုံးအဆောင်ကို ရသူ မဟုတ်။
ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့်-ကောင်းသော အကျင့်ကို ကျင့်၏။ ကောင်းသော အကျင့်ကို ကျင့်ကာ ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်၌ဖြစ်ရမည့်သူဖြစ်၏။
၃။အလင်း၌ ဖြစ်၍(အလင်းကလာ၍)
အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်(အမှောင်သို့သွားမည့်သူ)ဟူသည်
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်-မြင့်မြတ်သော အမျိုးဟု ဆိုအပ်သော ခတ္တိယ မဟာသာလစသောအမျိုး၌ ဖြစ်ရ၏။ ကြွယ်ဝ၏။ များသော ဥစ္စာ ရှိ၏။ များသော စည်းစိမ် ရှိ၏။ များသော ရွှေငွေ ရှိ၏။ များသော နှစ်သက် ဖွယ် အသုံးအဆောင် ရှိ၏။ များသော ဥစ္စာ စပါး ရှိ၏။ ထိုသူသည် အဆင်းလည်း လှ၏။ ရှုချင် ဖွယ်လည်း ရှိ၏။ ကြည်ညိုဖွယ်လည်း ရှိ၏။-ကောင်းမြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအ-ဆောင်ကို ရသူ ဖြစ်၏။
ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ မကောင်း-သော အကျင့်ကို ကျင့်ကာ ကိုယ်ခန္ဓာ ပျက်စီး ၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရောက် ရာ ဖြစ်သော ငရဲ၌ ဖြစ်ရမည့်သူဖြစ်၏။
၄။အလင်း၌ ဖြစ်၍(အလင်းကလာ၍)
အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်(အလင်းသို့ပြန်မည့်သူ)ဟူသည်
ဤလောက၌ အချို့သော ပုဂ္ဂိုလ် သည် မြတ်သော အမျိုးဟု ဆိုအပ်သော ခတ္တိယ မဟာသာလစသောအမျိုး၌ ဖြစ်ရ၏။ ကြွယ် ဝ၏။ များသော ဥစ္စာ ရှိ၏။ များသော စည်းစိမ် ရှိ၏။ များသော ရွှေငွေ ရှိ၏။ များသော နှစ် သက်ဖွယ် အသုံးအဆောင် ရှိ၏။ များသော ဥစ္စာ ရှိ၏။ ထိုသူသည် အဆင်း လှ၏။ ရှုချင်ဖွယ် ရှိ၏။ များသောဥစ္စာရှိ၏။ ကြည်ညိုဖွယ် ရှိ၏။ ကောင်း-မြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအဆောင်ကို ရသူ-ဖြစ်၏။ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့်-ကောင်းသော အကျင့်ကို ကျင့်၏။ ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်၌ ဖြစ်ရမည့်သူဖြစ်၏။
(တမောတမသုတ်၊အဂုၤတ္တိုရ်ပါဠိတော်)
ဖတ်ရှုများသောပို့စ်မျး
-
စိမ်းလန်းမြေ ပရဟိတ ညီအကိုမောင်နှမများ(မိတိလာတာဝန်ခံ ဆရာမဒေါ်သန်းသူဇာဦးဆောင်သော) အဖွဲ့မှ တောင်သူလယ်သမားနေ့ အမှတ်တရအဖြစ် အမှန်တကယ်လိုအပ်လျှက...
-
တက္ကသိုလ်ဝင်တန်းပညာရပ်များဆည်းပူးခဲ့စဉ်က နေထိုင်ခဲ့ဖူးသည့် ညောင်ပင်(ဘ/က)ပညာရေး ကျောင်းတော်ကြီးကို ကျေးဇူးသိမြင်သောအားဖြင့် လည်းကောင်း...
-
ယနေ့ကမ္ဘာတွင် ၀ိပဿနာတရားကို အထူးပြန့်ပွားအောင် ဆောင်ရွက်နေနိုင်သူမှာ ကမ္မဋ္ဌာန်း ဆရာကြီး ဦးဂိုအင်ကာ ဖြစ်သည်။ ဦးဂိုအင်ကာသည် ...
-
ယဉ်ကျေးလိမ္မာထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်း သမီးမွန်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေသည့် ညောင်ပင်(ဘ/က) ဓမ္မစကူးလ်က...
-
ဝဝဝ၁။ ဗဟုဒီတရသုတ္တန်(၁) (၃၁-၁၂-၁၉၇၆) ၁၃၃၈၊ ပြာသိုလဆန်း(၁၂)ရက် ဝဝဝ၂။ ဗဟုဒီတရသုတ္တန်(၂) (၃၁-၁၂-၁၉၇၆) ၁၃၃၈၊ ပြာသိုလဆန်း(၁၂)ရက် ...
-
မောင်ဝေယံစိုး (ညောင်ပင်ဘုန်းတော်ကြီးသင် မူလွန်) နှင့် မလွင်အာကာယဉ် အ.မ.က အုန်းကုန်း တံတာဦးမြို့မ ကြင်စဦး ဇနီးမောင်နှံ မှ မင်္ဂလ...
-
၁-ဘဒ္ဒန္တဣန္ဒကပဏ္ဍိတ (နွားထိုးကြီးနွယ်ဖွား ဆရာတော်များ)... ၂-ဘဒ္ဒန္တ၀ါသ၀ (နွားထိုးကြီးနွယ်ဖွား ဆရာတော်များ) ၃-ဘဒ္ဒန္တတိလောက (နွားထိုးကြီးနွယ်ဖွား ...
0 မှတ်ချက်:
Post a Comment