လယ်တီဆရာ မဟာဗန္ဓု
ကျွန်ပြုမခံ ဆရာစံနှင့်
ကြံဥာဏ်ပြည့်ဖြိုး ဦးနိုးတံခွန်
မြို့ဝန်ဦးမြဲ သဟဲအကျော်
ပုဂ္ဂိုလ်မော်တို့ ထင်ပေါ်ပွင့်လင်း
ဒီပဲယင်းဟု ခေါ်ပြုသညာ
မြို့သာယာမှ ညီညာတူပင်
လမ်းစဉ်လူငယ် အဖွဲ့ရယ်က
စီခြယ်လှသွင် `ထိပေအ်သျှင်` ဟု
မြို့တွင်ထိန်ဝင်း စာနယ်ဇင်းကို
ထင်လင်းမွေးဖွါး တိုးပွါးစာပေ
ခက်ဖြာဝေသည် ဒို့တွေ ဆက်ဆက်ကြိုးစားမည်။
1978 ဧပြီလ 11 ရက်နေ့တွင် ဒီပဲရင်းမြို့နယ် လမ်းစဉ်လူငယ် စည်းရုံးရေးကော်မတီမှ ထုတ်ဝေသော
မောင်ချိုဝင်း (မကွေး) ရေးသားတင်ပြခဲ့သည့် ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်...
အရမ်းနှစ်သက်လို့ ပြန်လည် ရှာဖွေပြီး တင်ပြလိုက်ပါတယ်...
ပြန်လည်တင်ပြသူ
ပြန်လည်တင်ပြသူ
အောင်အောင်(မကစ)
လယ်တီမြေသား။..............။
လာလည်နိုင်ပါတယ်...
www.ninilayy.comwww.aungsanmks.blogspot.com
www.ledimyethar.com
0 မှတ်ချက်:
Post a Comment