“ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် အရည်အသွေးတစ်ခုကတော့
မာန်မာနကင်းရှင်းခြင်း ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး၊ဘ၀မြင့်မှု
ကင်းရှင်းခြင်း ဆိုတဲ့အရည်အသွေးပါပဲ။”
မာနသိပ်မကြီးပါနဲ့ ။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို
အထင်မသေးပါနဲ့။ ကိုယ်အထင်သေးထားတဲ့သူက
ကိုယ်အထင်သေးသလိုဟုတ်ချင်မှလည်းဟုတ်မှာ။ အခုလောလောဆယ်မှာ
ကိုယ့်ရဲ့အထင်သေးစရာဖြစ်နေပေမယ့် တစ်ချိန်မှာ ကိုယ့်ထက်သာချင်သာသွားမှာပါ
။ကိုယ်အထင်ကြီးစရာအနေအထားမျိုးရောက်ချင်ရောက်သွားမှာပါပဲ။
ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို
အထင်သေးတဲ့စိတ်နဲ့မပြောသင့်မပြောထိုက်တာပြော ၊ မလုပ်သင့်မလုပ်ထိုက်တာ
လုပ်မိရင် ကိုယ်ပဲပြန်ပြီးဒုက္ခ္ခ္ခ ရောက်တက်ပါတယ်။
ဝိဋဋူဘဇာတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်
ကျွန်မကမွေးတဲ့သားဆိုပြီးတော့ဝိဋဋူဘထိုင်သွားတဲ့နေရာ
နွားနို့ရည်တွေနဲ့ဆေးလိုက်တော့ ဟိုကရန်ငြိုးဖွဲ့ပြီး
မင်းတို့ကနွားနို့နဲ့ပဲဆေးတယ်၊
ငါကမင်းတို့ရဲ့လည်ချောင်းသွေးနဲ့ဆေးမယ်လုပ်လိုက်တာ ၊
သာကီဝင်တွေတစ်ဆွေတစ်မျိုးလုံး အသတ်ခံရတယ်။ ဒါဟာ မာနလွန်ကဲလို့ ၊
ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးလွန်းလို့ ကြုံတွေ့ရတဲ့ဆိုးကျိုးတွေပဲ။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတဲ့သူဟာ သူများကို အလိုလိုနေရင်း
အထင်သေးသွားတတ်တယ်။ မြင်မြင်သမျှလူကို လူလို့တောင်မထင်တော့ဘူး ။
လောကကြီးမှာလူနဲ့တူတဲ့လူဆိုလို့ ငါတစ်ယောက်ထဲရှိတယ်လို့အထင်ရောက်သွားတယ်။
ဘယ်သူမှ ငါ့လောက်မရှိဘူး ၊ ဘယ်သူမှ ငါ့လောက်မသိဘူးလို့ ဘ၀မြင့်သွားတယ် ။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအားကြီးတော့
လူအချင်းချင်းပြောဆိုဆက်ဆံတဲ့နေရာမှာ