google-site-verification=gxI9Vw8JzyzHFFF0-A2wV4ejpLwkWuPZ1SDszgEy2gE ကမ္ဘာ့ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ - ဘ.က ညောင်ပင်ကျောင်း မှ ကြိုဆိုပါ၏
Home » » ကမ္ဘာ့ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ

ကမ္ဘာ့ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ


  ဗုဒ္ဓဘာသာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် လူသားထုကို အသိဉာဏ်အလင်းရရှိစေခဲ့ပြီး အနှောင်အဖွဲ့နှင့် ဥပါဒါန်    အစွဲများမှ လွန်မြောက်စေသည့် သိပ္ပံနည်းကျ ဘာသာတရားဖြစ်သည်။ ဘာသာရေးအများစုမှာ တည်ထောင်သူ ဘာသာရေးခေါင်းဆောင် များ ကို ၎င်းတို့၏ နောက်လိုက်များကသာ ချီးကျူးဂုဏ်ပြုကြသော်လည်း ဗုဒ္ဓကိုမူ ယနေ့တတ်သိပညာရှင်တိုင်းက မည်သည့်ဘာသာဝင် မဆို ၎င်းတို့၏ မူလခံယူထားသော ဘာသာကိုပင် အလေးမမူတော့ဘဲ ဂုဏ်ပြုချီးကျူးကြပေသည်။

            ဘာသာတရားရှိသူများသာမက လောကကိုအလေးထားသည့် လွတ်လပ်သော တွေးခေါ်ရှင်ဆိုသူများကပက် ချီးကျူးဂုဏ်ပြု ကြပေသည်။ သမိုင်းကြောင်းအမြင်အရ ဘာသာရေးလွတ်လပ်မှုသာမက လူသားတို့၏ သက်ရှင်ထင်ရှားသော ဆရာဟူ၍ တစ်စုံတစ်ယောက် မျှ မရှိခဲ့ဖူးချေ။ ဘာသာရေးကို ဗုဒ္ဓမပေါ်မီက အချို့သော ဂိုဏ်းဂဏများကသာလျှင် အပိုင်စီးထားကြသည်။ ဗုဒ္ဓသည် လူ့အဖွဲ့အစည်းတွင် လူတိုင်းအတွက် အပိုင်းအခြားမဲ့ တံခါးဖွင့်လှစ်ထားသည့် သမိုင်းဝင် ဆရာတစ်ဆူဖြစ်သည်။

ဗုဒ္ဓသည် တပည့်သာဝကတို့အား ငုတ်လျှိုးနေသော လူ့စွမ်းအားများကို လေ့ကျက်တိုးပွားစေခဲ့သည်။ သီအိုရီများ ယုံကြည်ချက် သက်သက်နှင့် ရိုးရာအလေ့အကျင့်ဖြင့်သာ မဟုတ်ဘဲ ကိုယ်ပိုင်အတွေ့အကြုံဖြင့် ဟောဖော်ခဲ့သည့် ထာဝရချမ်းသာ ကို တွေ့ရှိရန် အသိမဲ့သတ္တဝါတစ်ဦးအား အစေခံသဖွယ် သဘောမထားဘဲ စိတ်စွမ်းအားနှင့်အသိဉာဏ်ကို အကောင်းဆုံး အသုံးချနိုင်ရန် ပြသခဲ့သည်။ ဗုဒ္ဓ၏ အဆုံးအမများသည် ဘာသာရေး အမှတ်တံဆိပ် ခတ်နှိပ်ရန်မလိုဘဲ မည်သူမဆို လေ့ကျင့်နိုင်သည်။

                အောက်တွင် ယနေ့ခေတ်သစ်ကမ ္ဘာမှ တတ်သိပညာရှင်များအဖြစ် အသိအမှတ်ပြုထားသည့် ထင်ရှားသော တွေးခေါ် ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ စာပေပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ စာရေးဆရာများ၊ ဘာသာရေးခေါင်းဆောင်များ၏ အဆို အမိန့် များကို စုစည်းဖော်ပြထားသည်။ သူတို့အဆိုအရ ဗုဒ္ဓဘာသာသည် လက်တွေ့အကျဆုံးနှင့် ကြောင်းကျိုးအညီညွှတ်ဆုံးသော ဘာသာ တရား ဖြစ်သည်။ တိကျခိုင်မာသည့် အသိပညာကို ဖြစ်ပေါ်စေနိုင်သည်။ လျော်ကန်စွာ ကျင့်ကြံအားထုတ်ပါက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုကို အမှန်တကယ် ဆောင်ရွက်နိုင်ပေမည်။

                ဤစာစုများကို ထုတ်ဖော်ပြသခြင်းသည် ဗုဒ္ဓဘာသာ၏ သာလွန်မြင့်မြတ်မှုကို ပြလိုရင်းမဟုတ်ဘဲ ပညာရှင်အသီးသီး၏ အဂတိကင်းသော အမြင်များကို ဆင်ခြင်သုံးသပ်နိုင်ရန် ဖြစ်သည်။


ဗုဒ္ဓ၏ အဆုံးအမ

                ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ၊ တရားသေ အယူဝါဒများထက် ပိုမိုမြင့်မြတ်သည့်အရာ တစ်ခုရှိပြီးဖြစ်သည်။ ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထုအတွက် တစ်သက်တာလုံး ရင်ကိုအေးမြစေသည်။ လူမှုဒုက္ခ သုက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးဒေသနာတော်သည် အတိက်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။


                        Nehru

တည်ကြည်မှုနှင့် မေတ္တာနှလုံးသား
                ဗုဒ္ဓနှင့်ပတ်သက်၍ အထင်ရှားဆုံးအရာကား တည်ကြည်သည့် သမာဓိ၊ ပညာ၊ နွေးထွေးသော မေတ္တာ၊ နက်နဲသော ကရုဏာ တို့၏ ထူးကဲသော ပေါင်းစပ်မှုပင် ဖြစ်သည်။ ဗုဒ္ဓတစ်ဦးတည်းသာ လူ့သဘာ၀ ကောင်းဆိုးသိစိတ်ကို ကိုယ်စားပြုသဖြင့် ယနေ့ကမ ္ဘာသည် ဗုဒ္ဓဆီသို့ ပို၍ ပို၍ပင် ဦးလှည့်လာလေပြီ။

Moni Bagghee





ဗုဒ္ဓသည် အပြစ် ( sin ) ကို မဟောပါ

                စိတ်တည်ကြည်မှုနှင့် သတ္တဝါအားလုံးအပေါ် မြတ်နိုးမှုကို ဗုဒ္ဓနှစ်သက်တော်မူသည်။ ဗုဒ္ဓသည် အပြစ်ဟူသော sin ကို မဟော ပါ။ အသိဉာဏ်ကင်းမဲ့မှုနှင့် တွေေ၀ မိုက်မဲမှုတို့ကိုသာ ဟောကြားပြီး ယင်းတို့ကို အသိပညာ၊ ကရုဏာတို့ဖြင့် ကုစားနိုင်ကြောင်းကို သာ ဟောကြားတော်မူသည်။

Dr. S Radhakisnan



လူသားတစ်ရပ်လုံးအတွက် ဗုဒ္ဓ

                ဗုဒ္ဓကို ဗုဒ္ဓဘာသာဝင်များသာ ပိုင်ဆိုင်သည်မဟုတ်ပါ။ လူသားထုတစ်ရပ်လုံး ပိုင်ဆိုင်သည်။ ဗုဒ္ဓ၏ ဒေသနာတော်သည် လူတိုင်းနှင့်သက်ဆိုင်သည်။ ဗုဒ္ဓပွင့်တော်မူပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာသည့် ဘာသာတရားတိုင်းသည် ဗုဒ္ဓထံမှ ကောင်းမွန်သည့် စိတ်ကူးစိတ်သန်းများကို ချေးငှားရယူထားကြသည်။

A Muslim Scholar



လူ့နှလုံးသားကို နိုးကြားစေခြင်း
                ဘာသာတရားတို့၏ မိခင် အတွေးအမြင်ကြွယ်ဝသည့် အရှေ့တိုင်းနိုင်ငံများသည် စင်စစ် လှို့ဝှက်ဖုံးကွယ်တတ်သော်လည်း ဗုဒ္ဓဘာသာနှင့် ပတ်သတ်၍မူ ကျွန်ုပ်တို့အား မှန်ကန်စွာဖွင့်ဆိုမှု ပေးပါသည်။ အကြောင်းမှ ကျွန်ုပ်တို့အား လူ့သဘာဝ၏အတွင်းပိုင်းတွင် တည်ရှိနေသည့် ကိုယ်ကျင့်တရားအလှနှင့် ဖြူစင်မှု ( ဝိသုဒ္ဓိ )ကို သိရှိစေသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ရှင်သန်သည့် ဂုဏ်အသရေ အဖြစ် နိုးကြားလာစေရန် လူ့နှလုံးသားတွင် ကိန်းဝပ်နေသည့် အရာမှတစ်ပါး အခြားသော တန်းခိုးတော် ( ဖန်ဆင်းရှင် ) မလိုအပ်ကြောင်း သိရှိစေသည်။

Charles T. Gorham



ဗုဒ္ဓဘာသာကို သာလွန်သည့်အရာမရှိ

                ဗုဒ္ဓဘာသာဝင်ဟုပင်ဆိုဆို၊ မဟုတ်ဟုပင်ပြောပြော ကျွန်ုပ်သည် ကမ ္ဘာ့ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးစနစ်အသီးသီး ကို လေ့လာ ဆန်းစစ်ဖူးပါ၏။ ဗုဒ္ဓ၏ အရိယမဂ္ဂင် ၈ ပါးနှင့် သစ္စာ ၄ ပါး တရားထက် ထူးကဲသာလွန်သည့် လှပစွာ ခြုံငုံမိသောအရာကို မည်သည့်ဘာသာတွင်မျှ မတွေ့ရှိရချေ။ ကျွန်ုပ်အနေဖြင့် ထိုလမ်းစဉ်အတိုင်း မိမိ၏ဘဝကို ပြုပြင်နေထိုင်ရသည်ကို ကျေနပ်မိပါသည်။

Prof. Rhys Davids



ဗုဒ္ဓဝါဒသည် စိတ်ကူးယဉ်လောကသို့ ဦးမတည်ပါ
                ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ၏ တကယ်ပကတိအဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ ၎င်းဝါဒသည် အကြောင်းအရာ ဟူသမျှကို ယထာဘူတကျအောင် လေ့လာသုံးသပ်သည်။ ဗုဒ္ဓဝါဒသည် စိတ်ကူးယဉ်လောက၌ မေ့လျော့ပျော်ပါးနေစေရန် မှောက်မှားသော နှစ်သိမ့်မှုကိုလည်း မပေး၊ အပြစ်များ အန ္တရာယ်များကို တွေးတော၍ စိုးရိမ်သောကရောက်နေအောင် ချောက်လှန့် နှိပ်စက်မှုလည်း မပြု၊ မိမိ၏ ပကတိ အစစ်အမှန်ကို အတိအကျ ယထာဘူတကျကျ ပြောပြ၍ လုံးဝလွတ်လပ်ရေး တည်ငြိမ်ရေးနှင့် ချမ်းမြေ့ပျော်ရွှင်ရေးကို ရရှိနိုင်ရန် လမ်းညွှန်ပြသပေးပေသည်။

Ven. Dr. W. Rahala



စကြဝဋ္ဌာဘာသာတရား
                အနာဂတ်ဘာသာရေးသည် စကြဝဋ္ဌာတစ်ခုလုံးနှင့်ဆိုင်သည့် ဘာသာတရား ဖြစ်လာလိမ့်မည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘုရားတစ်ဆူထက် သာလွန်မြင့်မြတ်ပြီး အယူဝါဒများ၊ ဘုရားသခင်၏သဘာဝနှင့် ဘာသာယုံကြည်မှု အခြေခံများကို ရှောင်ရှားလိမ့်မည်။ သဘာဝနှင့် စိတ်ပိုင်းဆိုင်ရာ အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစပ်မှုအဖြစ် ထွက်ပေါ်လာသည့် ဘာသာရေးအသိဉာဏ်ကို အခြေခံလိမ့်မည်။

Albert Einstein



ဗုဒ္ဓဘာသာတွင် ဟန်ဆောင်မှုမရှိ

                အသိပညာအလင်းကို လွတ်မြောက်မှု၏ အနှစ်သာရအဖြစ် ဆောင်ရွက်ပေးခြင်းသည် ဗုဒ္ဓဘာသာ၏ ဂုဏ်ကျက်သရေ ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် သီလနှင့်ပညာကို တစ်ခုစီခွဲခြား၍ မရပေ။ မြင့်မားသောဘဝအခြေခံကို သီလကပြုပြင်ပေးလျှင် အသိပညာက ဘဝကိုပြီးပြည့်စုံစေသည်။ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်၀၀နားမလည်ဘဲ လိုအပ်သည့် ဝိပဿနာပညာကို မပိုင်ဆိုင်ခဲ့လျှင် မည်သူ့ကိုမျှ အမှန်တကယ် စာရိတ္တပြည့်ဝသူဟု မဆိုနိုင်ပေ။ ယင်းနှင့်ပတ်သတ်၍ ဗုဒ္ဓဘာသာသည် အခြားဘာသာအားလုံးနှင့် ကွဲပြားသည်။ ဘုရားတစ်ဆူ တည်းသာရှိ၏ဟု ယူဆကြသော ဘာသာတရားအားလုံးပင် တစ်စုံတစ်ရာသော ဟန်ဆောင်မှုဖြင့် အစပြုကြပေသည်။ ယင်းဟန်ဆောင်မှုများကို အသိပညာတိုးတက်မှုက ဆန့်ကျင်မိသည့်အခါ ဝမ်းနည်းမှု(သောက) ဖြစ်ရပေတော့သည်။ သို့ရာတွင် ဗုဒ္ဓဘာသာ သည် ဟန်ဆောင်မှုဖြင့် အစမပျိုးပါ။ ကျောက်တောင်အလား ခိုင်မာသည့် အကြောင်းအရာပေါ်တွင် ရပ်တည်ပါသည်။

Prof. Lakhsmi Narasu



အသက်ရှင်နေထိုင်ရေးအစီအမံ

                ဗုဒ္ဓဘာသာဟူသည် ဘဝမှအမြင့်မားဆုံးအကျိုးကိုရယူရန် အမြင့်မားဆုံးလမ်းစဉ်ဖြင့် အသက်ရှင်နေထိုင်ရေးအတွက် အစီအမံ တစ်ခုပင်ဖြစ်သည်။ အသိပညာ စိုးမိုးရာ အမြော်အမြင်ကြီးသည့် ဘာသာတစ်ခု ဖြစ်သည်။ ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ တပည့်သာဝကတို့ကို အသိဉာဏ်အလင်း ရရှိစေရန် တရားဟောခြင်း ဖြစ်သည်။

A Western Writer

လာလှည့် ရှုလည့်

                ဗုဒ္ဓဘာသာသည် သိခြင်း မြင်ခြင်းသာလျှင် ပဓာနဖြစ်၍ ယုံကြည်ခြင်းမှာ အရာမဟုတ်ပါပေ။ ဗုဒ္ဓ၏ ဒေသနာများတွင် “ဧဟိ ပဿိကော” ဟုပါရှိရာ “လာ၍ရှုလှည့်ပါ” ဟူ၍ ဖိတ်ခေါ်လေသည်။ “လာ၍ ယုံကြည်လက်ခံပါ” ဟု မဆိုပေ။

Ven. Dr.W. Rahula

နိုင်လိုမင်းထက် ဘာသာပြောင်းစေခြင်းမရှိ

                စိတ်မပါသည့် ပရိသတ်အပေါ် နိုင်လိုမင်းထက် တွေးခေါ်ယုံကြည်စေခြင်းဖြင့် လည်းကောင်း၊ တစ်စုံတစ်ရာဖိအားပေးမှု ( သို့မဟုတ် ) မြှောက်ပင့်ခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ ချော့မော့မြှောက်စားခြင်းဟူသော ဖိအားပေးမှုတစ်မျိုးမျိုးကို အားထုတ်ခြင်းဖြင့် လည်းကောင်း၊ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်အမြင် အစွဲအလန်းကို အနိုင်ယူခြင်းဖြင့် လည်းကောင်း ဘာသာဝင်စေခြင်းသည် စဉ်းငယ်မျှ ဗုဒ္ဓဘာသာ လမ်းစဉ်မဟုတ်ပါ။ ဗုဒ္ဓဘာသာ သာသနာပြုများသည် ဘာသာရေးဈေးကွက်တွင် ဘာသာပြောင်းသူများအတွက် မည်သည့် အခါမျှ ပြိုင်ဆိုင်မှုမပြုပေ။ ဘာသာဝင်တိုးပွားရန် ဈေးကွက်မလုပေ။

Dr.G.P.Malalasekara

အသောကမင်းထံမှ နမူနာ

                ဗုဒ္ဓဘာသာဘက်သို့ဦးလှည့်လိုက်ပါ။ အသောကမင်းတရားသည် မြင့်မြတ်သည့် သီလကို ဟောပြောသည်သာမက အခြားသော ယုံကြည်ကိုးကွယ်မှုများ၏ ခေတ်သစ်အဓိပတိများကို အရှက်ရစေလောက်အောင် မင်းအာဏာကို အသုံးပြု ခဲ့ကြောင်း လေ့လာဖတ်ရှုရပေလိမ့်မည်။

Geoffrey Mortimer

ကြီးမားသောအောင်မြင်မှုရရှိလိုက်သူ

                ပါဠိမှအင်္ဂ ိလိပ်ဘာသာပြန်ဆိုရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည့် ပထမဆုံးပညာရှင်များတွင် ပါဝင်သည့် တစ်ဦးသော သူမှာ နာမည်ကျော် ခရစ္စယာန် ဓမ္မ ဆရာကြီးတစ်ဦး၏ သားပင်ဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာထက် သူ၏ဘာသာက ပိုမို မြင့်မြတ်ကြောင်း သက်သေထူရန်ဖြစ်သည်။ သူ့ရည်မှန်းချက် အထမမြောက်ခဲ့သော်လည်း မျှော်လင့်ထားသည်ထက် ကြီးမားသော .  အောင်မြင်မှု ကို ရရှိလိုက်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာရခြင်းပင် ဖြစ်၏။ ဤလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ရန် တွန်းအားပေး ခဲ့သည့် အခွင့်သင့်မှုကို ဘယ်သောအခါမှ မမေ့သင့်ပေ။ ယင်းဘာသာပြန်ဆိုမှု လုပ်ငန်းဖြင့် အနောက်နိုင်ငံသား . ထောင်ပေါင်းများစွာ တို့အား အဖိုး အနဂ္ဃထိုက်တန်သော ဓမ္မအကျိုးကို ရရှိစေခဲ့လေသည်။ ထိုပညာရှင်၏အမည်မှာ Dr.Phys Davids ဖြစ်သည်။

Ven.A. Mahinda



ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပ္ပံပညာ

                ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။

Sir Edwin Arnold



ဗုဒ္ဓဘာသာသည် သိပ္ပံပညာနှင့်ဖက်ပြိုင်

                အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့်ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် ၎င်းသည် ဗုဒ္ဓဘာသာပင် ဖြစ်ပေလိမ့်မည်။

Albert Einstein



အကြောင်းနှင့်အကျိုး

                ဗုဒ္ဓ၏ဟောညွှန်ချက်များအရ လောကကိုပြုပြင်စီရင်သည် မဟုတ်ပါ။ ဆုလာဘ်ပေးခြင်း ပြစ်ဒဏ်ခတ်ခြင်းတို့အစား အကြောင်းအကျိုးသတ်မှတ်ချက်အားဖြင့် အလိုအလျောက်ပြုလုပ်ပြောဆိုကြသည့် ကံအားလျော်စွာသာလျှင် ဖြစ်ရကြောင်း ဗုဒ္ဓဝါဒီတို့က ယုံကြည်လက်ခံကြသည်။

A writer



နိဗ္ဗာန်

                ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် ( သို့မဟုတ် ) နတ်ဘုရားများ၏ ကူညီမှု မြူတစိမျှမပါဘဲ လူတိုင်း ကိုယ်တိုင် ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ ္ဘာ့သမိုင်းတွင် အဦးဆုံးထုတ်ဖော်ကြေငြာခဲ့သည်။

                ကိုယ့်ကိုကိုယ်ယုံကြည်ကိုးစားရေး၊ စိတ်ထားဖြူစင်ရေး၊ ယဉ်ကျေးပျူငှာရေး၊ အသိပညာပွင့်လင်းရေး၊ ငြိမ်းချမ်းရေးနှင့် အများအပေါ် မေတ္တာထားရှိရေးတို့ကို ဗုဒ္ဓက အလေးအနက် အခါခါ ဩဝါဒပေးခဲ့သည်။

                ဘဝတွင် အသိပညာမပါဘဲ ဝိပဿနာပညာကို မရရှိနိုင်ရကား ပညာ၏မလွဲမသွေလိုအပ်မှုကိုလည်း တိုက်တွန်းဆုံးမတော်မူခဲ့သည်။

Prof. Eliot



လွှမ်းမိုးသည့်ဝါဒ

                ဗုဒ္ဓဝါဒသည် တစ်စုံတစ်ယောက်သော ဖန်ဆင်းရှင် တန်ခိုးရှင် မရှိဟု သိသောစနစ်၊ လူ့အတ္တကို ငြင်းဆိုသောစနစ်၊ ထာဝရ တည်မြဲသည်ဆိုသည့် ယုံကြည်မှုကို အမှားတစ်ရပ်အဖြစ် သတ်မှတ်သည့်စနစ်၊ ဝတ်ပြုကိုးကွယ်မှု ယဇ်ပူဇော်မှုတို့ဖြင့် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုရှိသည်ဟူသော အယူကို ငြင်းပယ်သောစနစ်၊ ဘဝလွတ်မြောက်မှုအတွက် ကိုယ်ပိုင်အားထုတ်ရန်မှတစ်ပါး အခြား ဘာမျှမရှိကြောင်း အစဉ်တစိုက် စောင့်ကြည့်နေသည့် စနစ်၊ ဗုဒ္ဓဘာသာ၏ ပင်ကိုဖြူစင်မှုဖြင့် အမိန့်သစ္စာခံရန် ဘာတာဝန်မျှ မရှိကြောင်း သိရှိ၍ ကယ်တင်ရှင်၏ အကူအညီကို မည်သည့်အခါမျှ မရှာဖွေသည့် စနစ်ဖြစ်သည်။ မည်သို့သော ဥပါဒါန်အစွဲများ ရောယှက် ရှုပ်ထွေးနေစေကာမူ ယနေ့တိုင် လူသားထုအစိတ်အပိုင်းကြီးကို လွှမ်းမိုးနိုင်သည့် ဘာသာဝါဒဖြစ်နေဆဲပင် ဖြစ်သည်။

T.H.Huxley



အပြစ် ( sin ) နှင့် ဗုဒ္ဓဘာသာဝင်တို့ အယူအဆ

                ဗုဒ္ဓဘာသာဝင်များအနေဖြင့် အပြစ် ( sin ) နှင့်ပတ်သတ်သည့်အယူအဆမှာ အခြားသောဘာသာဝင်တို့၏ အယူအဆနှင့် ကွဲပြားသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ ( sin ) ဟူသည် တွေဝေမိုက်မဲမှု ( မောဟ ) သာဖြစ်သည်။ ယုတ်မာသူ ဟူသည် အသိဉာဏ်ကင်းမဲ့သူ ဖြစ်သည်။ သူသည် ပြစ်ဒဏ်ပေးရန်၊ ပြစ်တင်ရှုံ့ချရန်လိုအပ်သူ မဟုတ်ဘဲ လမ်းညွှန်မှုများများပေးရန်သာ လိုအပ်သူဖြစ်သည်။ သူ့ကို တစ်စုံတစ်ယောက်သော ဖန်ဆင်းရှင် ( သို့ ) ဘုရားသခင်၏ ပညတ်ချက်များကို ကျူးလွန်ဖောက်ဖျက်သူအဖြစ် သဘောမထားပေ။ ဘုရားသခင်၏ သနားကြင်နာမှုနှင့် ခွင့်လွှတ်မှုကို တောင်းပန်ရယူသူအဖြစ်လည်း မယူဆချေ။ ပြစ်မှုကျူးလွန်သူအတွက် မိတ်သင်္ဂဟ များအနေဖြင့် လူနေမှု စနစ်အတိုင်း ဆင်ခြင်တိုင်းထွာတတ်အောင် ဆောင်ရွက်ပေးရန်သာ လိုသည်။ ပြစ်မှု ကျူးလွန်သူသည် ဘုရားသခင် ထံ တောင်းပန် အသနားခံရန် ဆုတောင်းဝတ်ပြု ကြိုးစားမှု တို့ဖြင့် အကုသိုလ်အကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ပေ။

John Walters

နတ်ဘုရားများလည်း လွတ်မြောက်မှုကို လိုလားကြ

                ဗုဒ္ဓသည် သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများအထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များ ရွတ်ဆိုခြင်း၊ ယဇ်ပူဇော်ခြင်းများကို မပြုလုပ်ရန် လူ့သမိုင်းတွင် အဦးဆုံးအပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ နတ်ဘုရားများ ကိုယ်တိုင်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ဘဝလွတ်မြောက်ရေး လိုအပ်လျက်ရှိကြောင်း မြတ်စွာဘုရားက သူ၏ဒေသနာတော်များ၌ ထုတ်ဖော်ကြော်ငြာခဲ့သည်။

Prof.Phys Davids



အခြားဘာသာဝါဒများကို လေးစားပါ

                မိမိကိုးကွယ်သည့် ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ရှုတ်ချခြင်းကို မပြုလုပ်ရုံသာ မဟုတ်သေး ။  ဤအကြောင်း ထိုအကြောင်းများ ကြောင့် အခြားဘာသာဝင်များကို လေးစားချီးမြှင့်ကြရပေမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မိမိ၏ဘာသာကို ကြီးပွားတိုးတက်စေပြီးလျှင် အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့ ပေသည်။ မိမိကိုးကွယ်သည့် ဘာသာကိုသာ ချီးမြှင့်မြှောက်စား ၍ အခြားဘာသာကို ဖိနှိပ်သူများသည် မိမိဘာသာကိုကြည်ညိုစိတ်ဖြင့် “ငါ့ဘာသာ ဂုဏ်သိမ်ထွန်းတောက်စေရမည်” ဟု တွေးတောယူဆ ပြီး ပြုလုပ်ကြခြင်း အမှန်ဖြစ်ပေသည်။ သို့ရာတွင် ဤကဲ့သို့ပြုမူဆောင်ရွက်ခြင်းကြောင့် ၎င်း၏ ဘာသာကို ပိုမိုလေးနက်စွာ အကျိုးယုတ် ပျက်ပြားစေသည်။ ထို့ကြောင့် သာယာညီညွတ်ခြင်းသည် မွန်မြတ်ပေသည်။ လူအပေါင်းတို့ မှတ်သား လိုက်နာကြလေ။


အသောကမင်းတရား





0 မွတ္ခ်က္:

ဖတ်ရှုများသောပို့စ်မျး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်