ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်သော ဗုဒ္ဓမြတ်စွာသည်
ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မယ်တော်မာယာဒေ၀ီ မိဘနှစ်ပါးမှ
မွေးဖွားသူဖြစ်၏။ သက်တော် ၃၅-နှစ်အရွယ်တွင် သဗ္ဗညှတဉာဏ်တော်မြတ်ရ၍
ဘုရားဖြစ်တော်မူသောအခါ လူသားများသာမက တန်ခိုးကြီးမားသော နတ်မင်းကြီးများ၊
ဗြဟ္မာများကပါ ပူဇော်ကြရ၏၊ အရိုအသေပြုကြရ၏၊ လက်အုပ်ချီမိုး ရှိခိုးကြရ၏။
ထိုသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ ရှိခိုးဦးခိုက်
ပူဇော်ထိုက်သာ သဗ္ဗညှတဉာဏ်ရှင် မြတ်စွာဘုရားအဖြစ်ကို သိဒ္ဓတ္ထမင်းသား
ဘုရားအလောင်းတော်သည် ယခုဘ၀အားထုတ်မူ သက်သက်ကြောင့်သာ ရခြင်း မဟုတ်ပါ။
ဒီပင်္ကရာ မြတ်စွာဘုရားထံတော်တွင် ဘုရားဆုကို ပန်ဆင်ကာ လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးခဲ့သော ဘုရားဖြစ်ကြောင်း
အကျင့်ကောင်းတရား ပါရမီ(၁၀)ပါး၊ စရိယာ(၃)ပါး၊ စွန့်ခြင်းကြီး(၅)ပါးတို့
ပြည့်ဝ စုံလင်ခြင်းကြောင့်သာ သိဒ္ဓတ္ထမင်းသားဘ၀တွင် သိစရာရှိသမျှ
တရားအားလုံးကို သိမြင်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်ကို
ရတော်မူခဲ့ခြင်းဖြစ်ပါသည်။
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည်
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီ (၁၀)ပါး၊ စရိယာ (၃)ပါး၊
စွန့်ခြင်းကြီး (၅)ပါးတို့ကို ဖြည့်ကျင့်ခဲ့သည်မှာ မိမိအတွက်
ဘုရားဖြစ်ချင်၍ ကျင့်ခြင်းမဟုတ်ဘဲ သတ္တ၀ါတို့အတွက် ဘုရားဖြစ်ချင်၍
ကျင့်ခြင်းဖြစ်ကြောင်းကို သဘောပေါက် နားလည်ထားသင့်ပေသည်။
ဘုရားအလောင်းအလျာ
ပုဂ္ဂိုလ်မြတ်ကြီးတို့သည်ကား -
(၁) ပညာဓိက ဘုရားလောင်း
(၂) သဒ္ဓါဓိက ဘုရားလောင်း
(၃) ၀ီရိယာဓိက
ဘုရားလောင်း
ဟူ၍ သုံးမျိုး ရှိကြ၏။
ပညာဓိက ဘုရားလောင်း
ဘုရားဖြစ်ခြင်း
ဟူသည် အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညှဉာဏ်တော်ကြီးကို ရခြင်းပင်ဖြစ်၏။
ထိုဉာဏ်တော်ကြီးကို ရဖို့ရန်မှာ ရှာမှီးသူတို့၏ စိတ်သန္တာန်တွင် ပညာဓာတ်ခံ
လွန်ကဲစွာရှိမှဖြစ်၏၊ ပညာဓာတ်ခံလွန်ကဲစွာရှိပါမှသာ တစ်ဘ၀ထက် တစ်ဘဝ
ပညာဓာတ်ခံ ရင့်သန်ကာ ပညာတကာတို့ထက် အထွတ်အထိပ်ဖြစ်သော
သဗ္ဗညှတဉာဏ်တော်ကြီးသို့ ပေါက်ရောက်နိုင်၏။ ပညာဓိက ဘုရားအလောင်းတော်များသည်
ပါရမီ ဖြည့်ရာ၌ သဒ္ဓါ၊ ၀ီရိယ ရှေ့မဆောင်ဘဲ ပညာရှေ့ဆောင်ကာ
ပါရမီဖြည့်သည့်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးလျှင်
ဘုရားဖြစ်တော်မူကြ၏။
သဒ္ဓါဓိက ဘုရားလောင်း
သဒ္ဓါဓိက
ဘုရားအလောင်းတို့သည်ကာ - “ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်”
ဟူ၍ ယုံကြည်ကြ၏၊ ဘုရားအလောင်းတော်တို့၏ စိတ်၌ ယုံကြည်မူသဒ္ဓါတရား
လွန်ကဲ၍နေ၏၊ ပညာနှင့် ၀ီရိယ ရှေ့မဆောင်ဘဲ သဒ္ဓါတရားကသာ ရှေ့ဆောင်ကာ
ပါရမီဖြည့်ကျင့်ရသည့်အတွက် ရှစ်အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ
ဘုရားဖြစ်တော်မူကြ၏။
ဝီရိယဓိက ဘုရားလောင်း
ဝီရိယာဓိက
ဘုရားအလောင်းတော်တို့သည်ကား - “ကြိုးစားလျှင် ဘုရားဖြစ်ရမည်”
ဟူ၍ ၀ီရိယကိုသာ ရှေ့ထား၍ သဒ္ဓါနှင့်ပညာကို ရှေ့မထားဘဲ ပါရမီတော်တို့ကို
ဖြည့်ကျင့်သည့်အတွက် တစ်ဆယ့်ခြောက် အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ
ဘုရားဖြစ်တော်မူကြ၏။
ထိုသို့
ဘုရားအလောင်းတော်တို့ သုံးမျိုးကွဲပြားရသည်မျာ မိမိတို့ဆန္ဒ ဆုတောင်းအလိုက်
အချိန်ကာလ ကွဲပြားရခြင်း ဖြစ်သော်လည်း ဘုရားဖြစ်သောအခါ ဂုဏ်ကျေးဇူး
ပိုသည်လိုသည်ဟူ၍ မရှိပေ၊ ထိုကာလထက် စော၍ ဘုရားအဖြစ်သို့
ရောက်တော်မမူနိုင်ကြပေ၊ ထိုမျှ ကာလအချိန်ကြာကြာ ပါရမီဖြည့်မှသာလျှင်
သဗ္ဗညှတဉာဏ်တော်ကြီး ပြီးစီးအောင်မြင် ရင့်ကျက်ပြည့်စုံခြင်းသို့
ရောက်နိုင်လေသည်။
ဘုရားတစ်ဆူတစ်ဆူ
ပွင့်ထွန်းပေါ်ပေါက်တော်မူရေးသည် လွန်စွာ ခဲယဉ်းလှသည်။ ပါရမီဖြည့်မှ
သဗ္ဗညှတဉာဏ်ကို ရနိုင်သဖြင့် ဘ၀များစွာ သင်္ချေ သင်္ချာ လွန်လေးပါမှ၊
ကပ်ကမ္ဘာများစွာ လွန်လေပါမှ ဘုရားတစ်ဆူ ပွင့်တော်မူသည်ကို
ဖူးတွေ့နိုင်ကြရသည်။ “ဗုဒ္ဓုပ္ပါဒ န၀မ ခဏ” ခေါ်
ဘုရားရှင်တို့ ပွင့်ပေါ်တော်မူရာ အခါအခွင့်ကောင်းသည်ကား လွန်စွာ လွန်စွာ
ကြုံခဲ ဆုံခဲ လှသည်။ ကပ်ကမ္ဘာများမှာ ဘုရားရှင်တို့ ပွင့်ပေါ်မူမရှိသဖြင့်
သုညကမ္ဘာများဟု ခေါ်ဆိုကြသည်။ ဘုရားရှင်တို့ ပွင့်ထွန်းမူအပေါ် မူတည်၍ အောက်ပါ
အတိုင်း ကပ်ကမ္ဘာများကို သတ်မှတ် ခေါ်ဝေါ်ကြသည် -
(က)
ဘုရားတစ်ဆူသာပွင့်လျှင် - သာရကမ္ဘာ မည်၏၊
(ခ) ဘုရားနှစ်ဆူပွင့်လျှင် -
မဏ္ဍကမ္ဘာ မည်၏၊
(ဂ) ဘုရားသုံးဆူပွင့်လျှင် - ၀ရကမ္ဘာ မည်၏၊
(ဃ)
ဘုရားလေးဆူပွင့်လျှင် - သာရမဏ္ဍကမ္ဘာ မည်၏၊
(င) ဘုရားငါးဆူပွင့်လျှင် -
ဘဒ္ဒကမ္ဘာ မည်၏။
ဆောင်ပုဒ်။ ။
တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ၀ရ သုံးဆူသာ။
သာရမဏ္ဍ၊ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ။
တစ်ဆူသော်မှ၊
မပွင့်က၊ သုည ကပ်ကမ္ဘာ။
မှတ်ချက်။
။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ
တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
အောင်အောင်(မကစ)
ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်သော ဗုဒ္ဓမြတ်စွာသည်
ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မယ်တော်မာယာဒေ၀ီ မိဘနှစ်ပါးမှ
မွေးဖွားသူဖြစ်၏။ သက်တော် ၃၅-နှစ်အရွယ်တွင် သဗ္ဗညှတဉာဏ်တော်မြတ်ရ၍
ဘုရားဖြစ်တော်မူသောအခါ လူသားများသာမက တန်ခိုးကြီးမားသော နတ်မင်းကြီးများ၊
ဗြဟ္မာများကပါ ပူဇော်ကြရ၏၊ အရိုအသေပြုကြရ၏၊ လက်အုပ်ချီမိုး ရှိခိုးကြရ၏။
ထိုသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သာ သဗ္ဗညှတဉာဏ်ရှင် မြတ်စွာဘုရားအဖြစ်ကို သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည် ယခုဘ၀အားထုတ်မူ သက်သက်ကြောင့်သာ ရခြင်း မဟုတ်ပါ။ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်တွင် ဘုရားဆုကို ပန်ဆင်ကာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးခဲ့သော ဘုရားဖြစ်ကြောင်း အကျင့်ကောင်းတရား ပါရမီ(၁၀)ပါး၊ စရိယာ(၃)ပါး၊ စွန့်ခြင်းကြီး(၅)ပါးတို့ ပြည့်ဝ စုံလင်ခြင်းကြောင့်သာ သိဒ္ဓတ္ထမင်းသားဘ၀တွင် သိစရာရှိသမျှ တရားအားလုံးကို သိမြင်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်ကို ရတော်မူခဲ့ခြင်းဖြစ်ပါသည်။
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီ (၁၀)ပါး၊ စရိယာ (၃)ပါး၊ စွန့်ခြင်းကြီး (၅)ပါးတို့ကို ဖြည့်ကျင့်ခဲ့သည်မှာ မိမိအတွက် ဘုရားဖြစ်ချင်၍ ကျင့်ခြင်းမဟုတ်ဘဲ သတ္တ၀ါတို့အတွက် ဘုရားဖြစ်ချင်၍ ကျင့်ခြင်းဖြစ်ကြောင်းကို သဘောပေါက် နားလည်ထားသင့်ပေသည်။
ဘုရားအလောင်းအလျာ ပုဂ္ဂိုလ်မြတ်ကြီးတို့သည်ကား -
(၁) ပညာဓိက ဘုရားလောင်း
(၂) သဒ္ဓါဓိက ဘုရားလောင်း
(၃) ၀ီရိယာဓိက ဘုရားလောင်း
ဟူ၍ သုံးမျိုး ရှိကြ၏။
ပညာဓိက ဘုရားလောင်း
ဘုရားဖြစ်ခြင်း ဟူသည် အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညှဉာဏ်တော်ကြီးကို ရခြင်းပင်ဖြစ်၏။ ထိုဉာဏ်တော်ကြီးကို ရဖို့ရန်မှာ ရှာမှီးသူတို့၏ စိတ်သန္တာန်တွင် ပညာဓာတ်ခံ လွန်ကဲစွာရှိမှဖြစ်၏၊ ပညာဓာတ်ခံလွန်ကဲစွာရှိပါမှသာ တစ်ဘ၀ထက် တစ်ဘ၀ ပညာဓာတ်ခံ ရင့်သန်ကာ ပညာတကာတို့ထက် အထွတ်အထိပ်ဖြစ်သော သဗ္ဗညှတဉာဏ်တော်ကြီးသို့ ပေါက်ရောက်နိုင်၏။ ပညာဓိက ဘုရားအလောင်းတော်များသည် ပါရမီ ဖြည့်ရာ၌ သဒ္ဓါ၊ ၀ီရိယ ရှေ့မဆောင်ဘဲ ပညာရှေ့ဆောင်ကာ ပါရမီဖြည့်သည့်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးလျှင် ဘုရားဖြစ်တော်မူကြ၏။
သဒ္ဓါဓိက ဘုရားလောင်း
သဒ္ဓါဓိက ဘုရားအလောင်းတို့သည်ကာ - “ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်” ဟူ၍ ယုံကြည်ကြ၏၊ ဘုရားအလောင်းတော်တို့၏ စိတ်၌ ယုံကြည်မူသဒ္ဓါတရား လွန်ကဲ၍နေ၏၊ ပညာနှင့် ၀ီရိယ ရှေ့မဆောင်ဘဲ သဒ္ဓါတရားကသာ ရှေ့ဆောင်ကာ ပါရမီဖြည့်ကျင့်ရသည့်အတွက် ရှစ်အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မူကြ၏။
ဝီရိယဓိက ဘုရားလောင်း
ဝီရိယာဓိက ဘုရားအလောင်းတော်တို့သည်ကား - “ကြိုးစားလျှင် ဘုရားဖြစ်ရမည်” ဟူ၍ ၀ီရိယကိုသာ ရှေ့ထား၍ သဒ္ဓါနှင့်ပညာကို ရှေ့မထားဘဲ ပါရမီတော်တို့ကို ဖြည့်ကျင့်သည့်အတွက် တစ်ဆယ့်ခြောက် အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မူကြ၏။
ထိုသို့ ဘုရားအလောင်းတော်တို့ သုံးမျိုးကွဲပြားရသည်မျာ မိမိတို့ဆန္ဒ ဆုတောင်းအလိုက် အချိန်ကာလ ကွဲပြားရခြင်း ဖြစ်သော်လည်း ဘုရားဖြစ်သောအခါ ဂုဏ်ကျေးဇူး ပိုသည်လိုသည်ဟူ၍ မရှိပေ၊ ထိုကာလထက် စော၍ ဘုရားအဖြစ်သို့ ရောက်တော်မမူနိုင်ကြပေ၊ ထိုမျှ ကာလအချိန်ကြာကြာ ပါရမီဖြည့်မှသာလျှင် သဗ္ဗညှတဉာဏ်တော်ကြီး ပြီးစီးအောင်မြင် ရင့်ကျက်ပြည့်စုံခြင်းသို့ ရောက်နိုင်လေသည်။
ဘုရားတစ်ဆူတစ်ဆူ ပွင့်ထွန်းပေါ်ပေါက်တော်မူရေးသည် လွန်စွာ ခဲယဉ်းလှသည်။ ပါရမီဖြည့်မှ သဗ္ဗညှတဉာဏ်ကို ရနိုင်သဖြင့် ဘ၀များစွာ သင်္ချေ သင်္ချာ လွန်လေးပါမှ၊ ကပ်ကမ္ဘာများစွာ လွန်လေပါမှ ဘုရားတစ်ဆူ ပွင့်တော်မူသည်ကို ဖူးတွေ့နိုင်ကြရသည်။ “ဗုဒ္ဓုပ္ပါဒ န၀မ ခဏ” ခေါ် ဘုရားရှင်တို့ ပွင့်ပေါ်တော်မူရာ အခါအခွင့်ကောင်းသည်ကား လွန်စွာ လွန်စွာ ကြုံခဲ ဆုံခဲ လှသည်။ ကပ်ကမ္ဘာများမှာ ဘုရားရှင်တို့ ပွင့်ပေါ်မူမရှိသဖြင့် သုညကမ္ဘာများဟု ခေါ်ဆိုကြသည်။ ဘုရားရှင်တို့ ပွင့်ထွန်းမူအပေါ် မူတည်၍ အောက်ပါ အတိုင်း ကပ်ကမ္ဘာများကို သတ်မှတ် ခေါ်ဝေါ်ကြသည် -
(က) ဘုရားတစ်ဆူသာပွင့်လျှင် - သာရကမ္ဘာ မည်၏၊
(ခ) ဘုရားနှစ်ဆူပွင့်လျှင် - မဏ္ဍကမ္ဘာ မည်၏၊
(ဂ) ဘုရားသုံးဆူပွင့်လျှင် - ၀ရကမ္ဘာ မည်၏၊
(ဃ) ဘုရားလေးဆူပွင့်လျှင် - သာရမဏ္ဍကမ္ဘာ မည်၏၊
(င) ဘုရားငါးဆူပွင့်လျှင် - ဘဒ္ဒကမ္ဘာ မည်၏။
ဆောင်ပုဒ်။ ။
တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ၀ရ သုံးဆူသာ။
သာရမဏ္ဍ၊ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ။
တစ်ဆူသော်မှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ။
သာရမဏ္ဍ၊ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ။
တစ်ဆူသော်မှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ။
မှတ်ချက်။
။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ
တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
0 မှတ်ချက်:
Post a Comment