၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး
လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု
သက်မှတ်ပြီး ယနေ့ထက်တိုင် အောင်းမေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။
ကိုယ်တိုင်ကိုယ်ကျပစ်ခတ်လုပ်ကြံ ခဲ့သူများ
- ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ)
- သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊
- မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊
- စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
- သုခ (ကားမောင်းသူ)။
သေဒဏ် အပြစ်ပေးခံရသူများ
(အင်းစိန်ထောင် ကြိုးတိုက်တွင်)- ဂဠုန်ဦးစော
- မောင်စိုး
- သက်နှင်း
- မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အ၀ိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် )
- စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
- ရန်ကြီးအောင် ခေါ် လှထွန်း
သေဒဏ်မှထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ ပြောင်းရွေ.့ ကျခံရသူများ
- သုခ
- ခင်မောင်ရင်
- မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ


