google-site-verification=gxI9Vw8JzyzHFFF0-A2wV4ejpLwkWuPZ1SDszgEy2gE (( မထွေးမပါ တို့ချည်းသာ )) - ဘ.က ညောင်ပင်ကျောင်း မှ ကြိုဆိုပါ၏
Home » , » (( မထွေးမပါ တို့ချည်းသာ ))

(( မထွေးမပါ တို့ချည်းသာ ))



( ၁ )
    သူမနာမည်က ထွေးငယ် ။ ကျွန်တော်အပါအဝင် သူငယ်ချင်းအားလုံးက သူ့ကို မထွေးဟုသာ ခေါ်သည်။ မထွေးက ချစ်စရာကောင်းသည်။ နုသည် ။ ယဉ်သည် ။ ပွင့်လင်းသလောက် မဟုတ်မခံ စိတ်ဓာတ်လည်းရှိသည်။ သို့သော့် စွာတေးလန်ကားမဟုတ်။
ဘုဆတ်ဆတ်မဟုတ်။ သူမက စကားပြောရာတွင် လက်ဟန်ခြေဟန်နှင့် ပြုံးပြုံးပြီး ပြောတတ်သည်။ ပုံပြင်ပြောရာတွင် စကားလုံးကြွယ်ဝသည်သာမက သူမနှင့် မရင်းနှီးသည့် သူများပါ


နားထောင်ချင်လာအောင် စွဲဆောင်မှု ကောင်းလွန်းလှသည်။ သူမ၏ အသံက ချို၏။
လွင်၏ ။ ပြတ်သား၏ ။ သူမနှင့် ကျွန်တော်တို့ သူငယ်ချင်းများ လုံးဝမတူညီသည့် အကြောင်းအရာတစ်ခုရှိသည်။ ယင်းကား့ သူမက ကျွန်တော်တို့ကဲ့သို့ ဗုဒ္ဒွဘာသာမဟုတ်ပဲ ၊ ခရစ်ယာန်ဘာသာဝင်ဖြစ်နေခြင်းပင်

။ ကိစ္စမရှိ။ ကျွန်တော်တို့ သူငယ်ချင်းတစ်ဖွဲ့လုံး
ဘာသာရေးနှင့်ပက်သက်၍ ဘယ်တုန်းကမှ အငြင်းအခုံ မဖြစ်ဖူးခဲ့ ။ ခုလည်း ဖြစ်မည်မဟုတ်။ နောင်လည်း ဖြစ်နိုင်မည် မဟုတ်ချေ ။ ကျွန်တော်တို့တွင် သူငယ်ချင်း ငါးယောက်ရှိသည် ။ သည်နေရာနှင့် ပက်သက်၍ သူငယ်ချင်းငါးယောက်စလုံး ခံယူချက်ခြင်း တူညီကြသည်။
ယင်း ခံယူချက်ကား့မြန်မာနိုင်ငံတွင် ဗုဒ္ဒွဘာသာနှင့် ခရစ်ယာန်ဘာသာဝင်တို့သည် မြန်မာလူမျိုး ၊ မြန်မာတိုင်းရင်းသားများ ဖြစ်ကြသည်။ အခြားသော ဘာသာဝင်တို့ကဲ့သို့ ဟိုမှ သည်မှ ခိုးဝင်လာကြသည်မဟုတ်။ ထို့ကြောင့် နောင်တစ်ချိန်တွင် မြန်မာတိုင်းရင်းသား
များ ဖြစ်ကြသော ဗုဒ္ဒွဘာသာဝင် ၊ ခရစ်ယာန်ဘာသာဝင်တို့ စည်းလုံးညီညွှတ်၍ အချင်းချင်း သွေးမကွဲရန် အတွက် အဖွဲ့အစည်းတစ်ခု တည်ထောင်မည်ဟူသော ခံယူချက်ပင်တည်း။ ထိုခံယူချက်ကို ကျွန်တော်တို့ထက် အသက်ကြိးသည့် သူများကို ပြောပြရာ နှစ်ထောင်း
အားရပင် အားရဝမ်းသာ လက်ခံကြသည်။
( တို့ ပြည်ထောင်စုကြီးမှာ တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းမကွဲသင့်ဘူး ၊ အေး့အဲသလိုပဲ တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ ဘာသာကိုလည်း မဝေဖန် မတိုက်ခိုက်ပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင် နေသွားကြရမယ် ) ဟု သြဝါဒများပင် ပေးလိုက်ချေသေး၏။ အဲသည်
နေ့က ကျွန်တော်တို့ ဂစ်တာတစ်လက်နှင့် မုန့်များဝယ်ယူခဲ့ကြပြီး ငါန်းဇွန်မြို့လေး၏ မြောက်ဘက် ၊ ဧရာဝတီမြစ် သဲသောင်ပေါ်တွင် စိတ်ပြေလက်ပျောက် သူငယ်ချင်းများနှင့် စော့ကစားခဲ့သည်။ မှတ်မိပါသေးသည်။ မထွေးက ခရစ်ယာန်ဖြစ်သည့်အတိုင်း ဂစ်တာအတီး
ကောင်းသည်။ သူမက ဂစ်တာတီးလျှင် ကျွန်တော့်ကို သီချင်းဆို ခိုင်းသည် ။ ကျွန်တော်က မဆိုလျှင် သူမက စိတ်ကောက်သည်။ ကျွန်တော်က ဂျစ်ကန်ကန်လုပ်လျှင် သူမက ကျွန်တော့်ခေါင်းကို ခေါက်တတ်သည်။ ယခုမူးကား့ မှန်ပါသည် ။ ယခုမကား ယင်းသို့မဟုတ်။
မဟုတ်တော့ ဟုဆိုလျှင် ပို၍ မှန်ချေမည်။

( ၂ )
     ပြဿနာက ကျွန်တော်တို့ ကျောင်းတော်ကြီးကို အသစ်ရောက်ရှိလာသော နေခြည်ဆိုသည့် ကောင်မလေးက စလိုက်ခြင်းပင်ဖြစ်သည်။ အသစ်ရောက်ရှိလာသော ကျောင်းသား ၊ ကျောင်းသူ တို့ကို အားမငယ်ဖို့ရန် အားပေးရင်း နေခြည်နှင့် ကျွန်တော်တို့
တစ်ဖွဲ့လုံး အသိအကျွမ်းဖြစ်ခဲ့ကြသည်။ ထို့နောက် ရင်းနှီးခဲ့ကြသည်။ ပြီးနောက့် ဘယ်သွားသွား တစ်ဖွဲ့တည်း ဖြစ်သွားကြသည်။ သို့သော့် နေခြည်သည် မြို့နယ်မှုး၏ သမီး ဖြစ်သောကြောင့်လော မသိ ။ စိတ်ဆက်သည်။ အသာစီး မှ နေသည်။ သူငယ်ချင်းတွေအပေါ်
အမြဲလိုလို ဗိုလ်ကျသည်။ ကြာတော့ သည်ဒဏ်ကို ကျွန်တော်တို့လည်း သည်းမခံနိုင်တော့ ။ သို့သော်လည်း သူမ သိသာမြင်သာအောင် ထုတ်ဖော်မပြောခဲ့ပေ ။
    ထိုနေ့က မိုးသဲကြီးမဲကြိး ရွာသည်။ လေကလည်း ခပ်ကြမ်းကြမ်း တိုက်နေသောကြောင့် ကျွနု်ပ်တို့ စာသင်ဆောင် ပြူတင်းပေါက်တွေကို အကုန်ပိတ်ထားသည်။ ဆရာမကလည်း ရောက်မလာသေး၍ စာမသင်ရသေး။ ထို့ကြောင့် ကိုယ့်အုပ်စုနဲ့ကိုယ် ဖောင်ဖွဲ့ကာ
စကားပြောနေကြသည်။ ဆယ်တန်းကျောင်းသူ၊ ကျောင်းသား များဖြစ်သောကြောင့် မူလတန်းကလေးတွေလောက် ဆူညံမှု မရှိလှ ။
( နင်တို့ကို တစ်ခု မေးမယ် ၊ ကလေးနှစ်ယောက်ကို ရွံ့အနည်းငယ်စီ ပေးထားမယ် ၊ အဲဒီရွံ့နဲ့ လူရုပ်ကလေးလုပ်ခိုင်းမယ် ၊ ဒါပေမယ့် သူတို့လုပ်တဲ့ အရုပ်ကလေးတွေက မတူဘူး ၊ အဲဒါ ဘာ လို့ မတူတာလဲ )
    နေခြည်က ကျွန်တော်တို့ကို မေးလိုက်ခြင်းပင်ဖြစ်သည်။
( ဟဲ့ ဘယ်တူပါ့မလဲ ။ တစ်ယောက်တည်းလုပ်တာတောင် တစ်ရုပ်နဲ့တစ်ရုပ်မတူဘူး ။ ခုဟာက နှစ်ယောက်လေ )
    မထွေးက သွက်သွက်လက်လက် ဖြေသည်။ ထိုအဖြေကို ကြားရတော့ နေခြည်က ပြုံးသည်။
( ဟုတ်ပြီ ။ အဲဒီအဖြေကို အဲသည်အတိုင်းထားလိုက်ဦး ။ ဆက်ပြီးမေးမယ် ။ လူတစ်ယောက် ချမ်းသာတယ် ။ ဆင်းရဲတယ်ဆိုတာ သူ့မိဘတွေက အမွေပေးတာနဲ့ဆိုင်သလား ။ သူကိုယ်တိုင် ကြိုးစားမှုနဲ့ ဆိုင်သလား )
( မိဘတွေရဲ့ အမွေပေးမှုနဲ့လည်း ဆိုင်တယ် ၊ ကိုယ်ကိုယ်တိုင် ကြိုးစားတာနဲ့လည်း ဆိုင်တယ် ။ ဒါပေမယ့့် မိဘတွေပေးတဲ့ အမွေကို ရင်းနှီးပြီး အလုပ်တစ်ခုခုမလုပ်ပဲနဲ့ ထိုင်ဖြုန်းနေမယ်ဆိုရင် အဲဒီလူဟာ ချမ်းသာဖို့ မလွယ်ကူဘူး ။ ကိုယ့်သာဘာကြိုးစားတာက
ပိုပြီးတော့ အဓိက ကျတယ် )
    သူမတို့နှစ်ယောက် အမေးအဖြေလုပ်သည်ကို ကျွန်တော်နှင့်အတူ သဇင်စိုး၊ မင်းထက် ၊ ဇင်မင်းဦး တို့မှာ နားထောင်ပရိတ်သတ်အဖြစ်သာရှိနေသည်။ ဒီနေ့ နေခြည်မဖောက်သောကြောင့် ကျွန်တော်တို့ သူငယ်ချင်းတစ်ဖွဲ့လုံးဝမ်းသာရသည်။
( အဲဒါလည်း မှန်ပါပြီ ။ ထပ်ပြီးမေးဦးမယ် ။ နင့်ကို ဘယ်သူက မွေးလဲ )
( အမ့် အမေကပေါ့ ။ နင်ကလည်း ဘာတွေမေးမှန်းမသိဘူး )
( နေဦးလေ မပြီးသေးဘူး ။ ခုလို နင်လှအောင် ဘယ်သူ ပြင်ပေးလိုက်တာလဲ )
( ကိုယ့်ဘာသာပြင်လာတာ )
    အမြဲတမ်းစိတ်ရှည်တတ်သည့် မထွေးပင် သည်တစ်ခါ စိတ်ညစ်သွားသည်ထင်သည်။ နေခြည်ပြောလိုက်မှ ကျွန်တော်လည်း သတိထားမိသည်။ မထွေးလှပါသည်။ နှုတ်ခမ်းနီပါးပါးလေးဆိုးထားသော သူမသည် ရိုးရိုးယဉ်ယဉ်နဲ့လှသည်။ ဖဲကြိုးလေးတွေကို ချစ်တတ်သော
သူမ၏ ခေါင်းပေါ်တွင် အစိမ်းနုရောင် ဖဲကြိုးလေး တစ်ဖက်တစ်ခုဆီ ချည်နှောင်ထားသည်က သူမ၏ အလှကို ပို၍ ပေါ်လွင်စေပါသည်။ ပြီးတော့ ချစ်စရာလည်း ကောင်းပါသည်။
    ( ငါ့အဓိကမေးချင်တဲ့ မေးခွန်းက အခုမှ မေးမှာဟ ။ မေးမယ်နော် ။ အချို့ကို လူချမ်းသာ ။ အချို့ကို လူဆင်းရဲ ။ အချို့ကို ပညာရှိ ။ အချို့ကို ပညာမဲ့။ အချို့ကို လူကောင်း။ အချို့ကို လူယုတ်မာ ။ အချို့ကိုလူချော လူလှ။ အချို့ကို အရုပ်ဆိုးအကျည်းတန်။
အချို့ကို အသက်ရှည်။ အချို့ကို အသက်တို။ အချို့ကို မျက်စိကောင်း။ အချို့ကို မျက်မမြင်။ အချို့ကို အင်အားပြည့်။ အချို့ကို အင်းအားနဲ ။ အချို့ကို ကျန်းကျန်းမာမာ။ အချို့ကို ရောဂါသည်။့အဲဒီလို လူချင်းမတူအောင် ယေဟိုးဝါ  လို့ခေါ်တဲ့ ထာဝရ ဘုရားသခင်က
ဘာလို့ ဖန်ဆင်းထားတာလည်း )
    သူမ၏ မေးခွန်းကြောင့် ကျွန်တော်တို့ သူငယ်ချင်းတစ်စု မထွေးအတွက် စိတ်ပူသွားသည်။ နေခြည်အနေဖြင့် သိချင်၍ မေးသည့်တိုင် ဤကဲ့သို့ မမေးသင့်။ ကျွန်တော် မထွေးကို ကြည့်လိုက်သည်။ မထွေးကလည်း ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော်က
အားနာဟန်ဖြင့် ပြုံးပြသည်။ မထွေးကလည်း ခပ်နွမ်းနွမ်း ပြုံးပြသည်။
( နေခြည့် နင် အဲလို မေးခွန်း မမေးရင်ကောင်းမယ် )
    မင်းထက်က မခံချင်စိတ်ကြောင့် နေခြည်ကို တားမြစ်လိုက်သည်။ မထွေးက့
( ရပါတယ် ။ ထားလိုက်ပါ ။ အဲဒီမေးခွန်းကို ငါမဖြေတတ်ဘူး )
( အေးပါဟယ် ။ ငါလည်း သိချင်လို့ပါ ။ နောက်ထပ် မေးဦးမယ် )
( နေခြည့် )
    ကျွန်တော်က မနေနိုင်တော့သောကြောင့် ဟန့်တားမည်ပြုလိုက်သည်။ မထွေးက ရပါတယ့် ဟုဆိုကာ ကျောင်းအပြင်ရှိ ရွာနေသော မိုးကို ခပ်ထွေထွေ ကြည့်နေလိုက်သည်။
( ယေဟိုးဝါ လို့ခေါ်တဲ့ ထာဝရဘုရားသခင်က အတိတ်၊ အနာဂါတ် ၊ ပစ္စုပ္ပန်လို့ခေါ်တဲ့ ကာလသုံးပါးကို သိလျှက်နဲ့ ယုတ်မာညစ်ညမ်းတဲ့ သူတို့ကို အပြစ်ပေးဖို့ ငရဲဘုံကို ဖန်ဆင်းခဲ့တယ်လို့ ဆိုတယ်။ ဒါဆိုရင် ထာဝရဘုရားသခင်က သူ့ရဲ့ဖန်ဆင်းမှုဆိုင်ရာ အနာဂါတ်
ကာလရဲ့ သဘောတရားကို ကြိုတင်သိလျှက်နဲ့ ဘာဖြစ်လို့ ယုတ်မာညစ်ညမ်း ဆိုးသွမ်းတဲ့ သူတို့ကို ဖန်ဆင်းရတာလဲ )
    ( နေခြည့် နင်တော်တော့ဟာ ။ အဲဒီလို မေးဖို့ ခွင့်မပြုနိုင်ဘူး )
သဇင်စိုးက ခပ်တင်းတင်းပြောလိုက်တော့ နေခြည်က ဒေါသထွက်ဟန်တူသည်။ ရှစ်ခေါက်ချိုးသော မျက်နှာဖြင့် သဇင်စိုးကို ပြန်ပြောသည်။
( သူ့ကို မေးဖို့ နင့်ဆီက ခွင့်ပြုချက်တောင်းနေရဦးမှာလား )
( မထွေး ။ ငါပြောမယ် ။ လူတစ်ယောက်ကို အခြားတစ်ယောက်ယောက်က ဖန်ဆင်းတယ်ဆိုတာ လုံး၀ မဟုတ်ဘူး ။ စောစောက နင်ဝန်ခံခဲ့တာပဲ ။ နင့်ကိုမွေးတဲ့သူက နင့်အမေလေ။ ကိုယ့်ကိုယ်ကိုယ် လှအောင်လည်း ကိုယ့်ဘာသာပြင်ရတာ။ ဘယ်သူကမှ ဖန်ဆင်းမပေးဘူး။
ပြီးတော့ ကိုယ်ချမ်းသာဖို့ ကိုယ့်ဘာသာကြိုးစားရတယ်ဆိုတာလည်း နင်ကိုယ်တိုင်ပြောခဲ့တာပဲ ။ ခုနက နင်ဝန်ခံခဲ့တဲ့ အရှိတရားနဲ့ အမှန်တရားက ဗုဒ္ဒွဘုရားဟောခဲ့တဲ့ တရားတွေပဲ ။ နင့်ရဲ့ မသိစိတ်က ဗုဒ္ဒွရဲ့တရားကို လက်ခံကျင့်သုံးနေပြီး ကိုယ်ကိုယ်တိုင်က ဝန်မခံရဲ
ဘူး မို့လား )
( နေခြည် ။ နင်တော်တော့လို့ ပြောနေတယ်နော်။ ငါတို့သူငယ်ချင်းတွေ ငယ်ငယ်ကတည်းက နေလာတာ ။ ဘယ်တုန်းကမှ တဖက်လူကို စော်ကားသလိုစကားမပြောဖူးဘူး ။ နင်က ခုမှ ရောက်လာတဲ့သူ ။ နင်ပြောချင်ရင် တစ်ခြားလူကို သွားပြော။ ငါတို့သူငယ်ချင်းတွေ
စည်းလုံးတာကို လာမဖျက်နဲ့ ။ ငါမကြိုက်ဘူး )
    ကျွန်တော်က ဒေါသတကြီး အော်ပြောတော့ အခန်းတွင်းရှိ အတန်းဖော်တို့က နေခြည်ကို ဝိုင်း၍ ကြည့်ကြသည်။
( မိန်နွေ့ နင့်နင်ဟာ ။ ငါ့ကို ပြောရက်တယ် )
    အတန်းဖော်များကြားတွင် နေခြည် ရှက်သွားသည်လားမသိ။ မျက်နှာကို လက်ဖြင့် အုပ်ပြီး ရွာနေသည့် မိုးရေကြားတွင် ဖြတ်ပြေးကာ ပျောက်ကွယ်သွားသည်။ သို့သော် မတတ်နိုင်။ သူမက ကျွန်တော်တို့နှင့် စိတ်သဘောထားချင်းမတူ။ ခံယူချက်ခြင်း မတူသူကို
စောစောစီးစီး လမ်းခွဲပစ်တာပဲ ကောင်းသည်။ ယင်းသို့မှ မဟုတ်လျှင် တစ်ချိန်ချိန်မှာ အဖုအထစ်တွေ ဖြစ်လာပြီး ပေါက်ကွဲသွားနိုင်သည်။ မထွေးက ကြည်ရွှန်းသော မျက်ဝန်းဖြင့် ကျွန်တော့်ကိုကြည့်သည်။ အဓိပ္ပါယ်က ကျေးဇူးတင်သည်ဆိုသည့် အကြည့်မျိုးဖြစ်သည်။

( ၃ )
    နောက်ရက်တွင် မထွေး ကျောင်းမလာပါ။ တစ်ရက်လည်း မဟုတ်။ နှစ်ရက်လည်း မဟုတ်ပေ။ ထို့နောက် စာမေးပွဲဖြေခါနီးထိ မထွေးကို ကျွန်တော်တို့ မတွေ့ရတော့။ စာမေးပွဲ ဖြေသည့် အချိန်မှာသာ မထွေးကို တွေ့ရသည်။ သို့သော်လည်း နှုတ်ဆက်ချိန်ပင်မရ။
သူ၏ အစ်ကိုက အကြိုအပို့လုပ်သောကြောင့် အနီးနားပင် သွားကာ ဖြေနိုင်လား။ ဘာလားဟုပင် မေးခွင့်မရ။ အင်္ဂလိပ်ဘာသာဖြေသည့်နေ့က တစ်ရက်ပင် ကျွန်တော်နှင့်သူမ မျက်ဝန်းခြင်းစုံမိသည်။ ကျွန်တော်က သူမကို ပြုံးပြသည် သူမက မပြုံး။ ကျွန်တော်စာမေးပွဲ
ဖြေရင်း သူမကို ခိုးကြည့်သည်။ တစ်ခါတစ်ခါ သူမ ငိုထားပုံရသည်။ တစ်ဖက်သို့လှည့်ကာ မျက်ရည်သုတ်သည်ကိုလည်း မြင်လိုက်ရသည်။ ဘာကြောင့် ငိုသည် မသိ။ ကျွန်တော် သူမအနားသို့ သွားကာ မငိုပါနဲ့မထွေးရယ်ဟု ပင် နှစ်သိမ့်ချင်မိသည်။ သို့သော် ကျွန်တော်တို့
သူငယ်ချင်း လေးယောက်နှင့် မထွေးသည် နီးလျှက်နှင့် ဝေးသွားသည်ဟု ခံစားမိသည်။ ထိုသည်မှာ နေခြည်ဆိုသော ကောင်မလေးကြောင့် ဟု ဆိုက မှားအံ့မထင်။

( ၄ )
ကျွန်တော်တို့ သူငယ်ချင်းတွေ အကုန်လုံးစာမေးပွဲအောင်သည်။ အီးမေဂျာ ဘာသာတွဲကို ယူ၍ ကျောင်းတတ်ရန် အားလုံးသဘောတူ ကြသည်။ မထွေး့ အော့်မထွေးလည်း အောင်သည်။ မထွေးက ကျွန်တော်တို့ထက် အမှတ်ပင် ကောင်းသေးသည်။ သူမ့ယခုဘယ်မှာ
ရှိနေမည်မသိ။ ကျွန်တော်တို့ ငါန်းဇွန်မြို့လေးမှ မထွေးတို့ တစ်မိသားစုလုံး ပြောင်းသွားသည်မှာ ခုဆို သုံးလခန့်ပင် ရှိချေပြီ။ ဟုတ်သည်။ ကျွန်တော် မထွေးကို လွမ်းသည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ အကုန်လုံး မထွေးကို လွမ်းသည်။ ကျောင်းတော်ကြီးကလည်း မထွေးကို
လွမ်းနေမည်ထင်သည်။ ကျွန်တော်က မထွေးနှင့် မထွေးတီးခတ်သော ဂစ်တာသံလေးကို ပို၍ ပင် လွမ်းမိပါသေးသည်။

( ၅ )

     ( မင်း ဦးဆောင်ပြီးတော့ တိုင်းရင်းသားတွေ ၊ ဗုဒ္ဒွဘာသာနဲ့ ခရစ်ယာန်တွေ စည်လုံးညီညွတ်ပြီး ပြည်ထောင်စုကြီး မပြိုကွဲဖို့ အချင်းချင်း ရိုင်းပင်းကူညီချစ်ခင်ဖို့ အဖွဲ့အစည်းလုပ်နေတယ်ဆိုတာ ဟုတ်သလား )
မော်ကွန်းထိန်းက ခေါ်သည်ဆို၍ ကျွန်တော် လန့်သွားသည်။ ရောက်ရောက် ခြင်း ပြောလိုက်သည့် စကားကြောင့် ကျွန်တော် ပို၍ လန့်သွားသည်။ မော်ကွန်းထိန်းကြီး ဘယ်ကနေ ဘယ်လို သိသွားပြီလည်း မသိ။
( ဟုတ်ပါတယ် )
( အေး ။ ကောင်းတယ်ကွ ။ မင်းက ခုမှ ပထမနှစ်ကျောင်းသားသစ် ။ ကျောင်းသားသစ်က ခုလိုလုပ်တာ ငါပိုပြီးတော့ အားရတယ် ။ မင်းတို့အဖွဲ့ အောင်မြင်မှာပါ ။ ကဲ့ရော့  ့ မင်းတို့ အဖွဲ့အစည်းအတွက် အမည်မသိ ကျောင်းသူတစ်ယောက်က ရန်ပုံငွေ ငါးသိန်း
လှူသွားတယ် )
    ကျွန်တော် မော်ကွန်းထိန်းကြီး ပေးလိုက်သော ငွေငါးသိန်းကို ယူလာပြီး သူငယ်ချင်းတွေကို အကုန်လုံး ပြောပြလိုက်သည်။ ခုဆို ကျွန်တော်တို့မှာ တိုင်းရင်းသားမျိုးစုံ သူငယ်ချင်းတွေ အများကြီးရှိနေပြီ ။ ဝေခွဲမရသည်က သည်ငွေကို မည်သူက လှူသည်မသိ။
မထွေးများလော ။ ဖြစ်နိုင်အံ့မထင်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် သည်ကျောင်းကို စပြီးရောက်ကတည်းက မထွေးရှိ ၊ မရှိ စုံစမ်းလာသည်မှာ နှစ်လ ခန့်ပင်ရှိချေပြီ ။ သူမ၏ အရိပ်အယောင်ပင် ခုချိန်ထိ မတွေ့သေး။ ဒါဆို ဘယ်သူလည်း။ ကျွန်တော့် ဦးနှောက်တွေ
ရှုပ်လာသည်။ ဆက်ပြီး မတွေးနိုင်တော့ ။ ထားတော့ ။ သူမ အကြောင်းကို အဆောင်ရောက်မှ ဇိမ်ပြေနပြေ စဉ်းစားဦးမည်။ သူမ၏ ဂစ်တာသံကို ညကျမှပဲ ပြန်ပြီး လွမ်းဦးမည်။ အခုက တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အဖွဲ့အစည်း ဖွဲ့ရမည်။
    ကျွန်တော်တို့ သူငယ်ချင်းများ ( ၁၅ )ယောက်ဖြင့် အဖွဲ့အစည်းကို မှတ်တမ်းပြုလိုက်သည်။
( ဟေ့ကောင်မိန်နွေ ။ ဒီအဖွဲ့အစည်းကို ငါတို့ ဘယ်လို နာမည်ပေးမလဲ )
( အင်း့  ဒီအဖွဲ့က ရိုးရိုးတန်းတန်း အဖွဲ့မဟုတ်ဘူး ။ ခဏလေး ပျက်ပျယ်သွားမယ့် အဖွဲ့မဟုတ်ဘူး ။ ကမ္ဘာတည်သရွေ့ ။ တို့တိုင်းရင်းသားတွေ အသက်ရှင်နေသရွေ့ တည်တံ့သွားမယ့် အဖွဲ့အစည်း။ အဲဒီတော့ လွယ်လွယ်နဲ့ နာမည်မပေးချင်ဘူး။ အဓိပ္ပါယ်
လေးလေးနက်နက် နဲ့ ပေးနိုင်မယ့်သူက တစ်ယောက်တည်းရှိတယ် ။ သူ့ကို ငါစောင့်လိုက်ဦးမယ် )
( ဒါဆို ဒီနံပါတ်မှာ လွတ်နေတဲ့ ကွက်လပ်က ဘယ်သူ့အတွက်လဲ )
    ကရင်တိုင်းရင်းသား ဖိုးခွားလေးက မေးတော့
( အဲဒီကွက်လပ်လေးနဲ့ ၊ ဒီအဖွဲ့ကို နာမည်ပေးမယ့်သူက တစ်ယောက်တည်းကွ ။ ငါ့သူ့ကို တွေ့ကို တွေ့ရမယ်လို့ ယုံကြည်နေတယ်။ အဲဒီကွက်လပ်ပိုင်ရှင်က ဒီအဖွဲ့အစည်းကို တည်ထောင်ဖို့ အရင်ဦးဆုံး တွေးလာမိသူ ။ အဲဒါသူ့အတွက်ပဲ )
    မင်းထက်၊ ဇင်မင်းဦး ၊ ဇင်မာစိုး တို့ကတော့ ကျွန်တော့ ရည်ရွယ်ချက်ကို သိမည်ထင်သည်။ ကျန်သ့် သူငယ်ချင်းတို့ကတော့ ကျွန်တော့်ကို အကြောင်သားငေးကြည့်နေကြသည်။
    ဟုတ်သည်။ သည်ကွက်လပ်သည် ကျွန်တော် သူမအဖို့ ချန်ထားသည့်ကွက်လပ်ဖြစ်သည်။ သူမကား့မည်သူနည်း။ ကျွန်တော်ချန်ထားသည့် ကွက်လပ်ကား မည်သူအတွက် ဖြစ်နိုင်မည်နည်း။ သိသည့်သူငယ်ချင်းများ ယင်းကွက်လပ်ကို ဖြည့်စွက်ပေးကြပါ
ဟုသာ့။      ။။


   မှတ်ချက်။         ။      တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပေးပါရန်။ ဤကဲ့သို့ အဖွဲ့အစည်းမျိုး အပြင်မှာ ရှိ။ မရှိ တကယ်မသိပါချေ။ ဤသည်မှာကျွန်တော်၏ သူငယ်ချင်းကို လွမ်းသော စိတ်ကူးယဉ်မှုသာလျှင် ဖြစ်ပါကြောင်း့။။      ။။။


လေးစားစွာဖြင့်
မိန်နွေ
2.8.2013  : PM : 03:45:00

0 မွတ္ခ်က္:

ဖတ်ရှုများသောပို့စ်မျး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်