၁။ ယမကဝဂ္ဂ
၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံ၀ ဝဟတော ပဒံ။
၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။
၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာ၀ အနပါယိနီ။
၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။
၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရော၀ တေဇနံ။
၃၄။ ဝါရိဇော၀ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။
၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော် လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။
၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။
ဓမ္မပဒ မြန်မာပြန် မှ
ဖတ်ရှုများသောပို့စ်မျး
-
တက္ကသိုလ်ဝင်တန်းပညာရပ်များဆည်းပူးခဲ့စဉ်က နေထိုင်ခဲ့ဖူးသည့် ညောင်ပင်(ဘ/က)ပညာရေး ကျောင်းတော်ကြီးကို ကျေးဇူးသိမြင်သောအားဖြင့် လည်းကောင်း...
-
နွားထိုးနယ်ဖွား ပရိယတ္တိဘွဲ့ရဆရာတော်များ၏ သမိုင်းဝင် မှတ်တမ်းစာအုပ်မှ ဆရာတော်များရဲ့ အကြောင်းကို အကျဉ်းချုပ် တင်ပြသွားပါမယ်။ ၀ါစဉ် ကြီ...
-
စိမ်းလန်းမြေ ပရဟိတ ညီအကိုမောင်နှမများ(မိတိလာတာဝန်ခံ ဆရာမဒေါ်သန်းသူဇာဦးဆောင်သော) အဖွဲ့မှ တောင်သူလယ်သမားနေ့ အမှတ်တရအဖြစ် အမှန်တကယ်လိုအပ်လျှက...
-
ငယ်စဉ်တောင်ကျေး ကလေးဘဝက ပညာသင်ယူခဲ့သည့် ကျောင်းတော်ကြီး၏ကျေးဇူး ဆရာတော်ဘုရား၏ကျေးဇူးကိုသိမြင်သည့်အလျှောက် ပြန်လည်ပေးဆပ်သည့်အနေဖြင့် ပြင်ဦ...
-
၂-ဘဒ္ဒန္တ၀ါသ၀ (၂) သက်တော်(၈၉)၊ ၀ါတော်(၆၉)၀ါရှိ ဘဒ္ဒန္တ၀ါသ၀၏ အတ္ထုပ္ပတ္တိအကျဉ်း ဇာတိ = သဲတောကန်ကျေးရွာ၊ နွားထိုးကြီးမြို့ မိဘ = ဦးဘို...
-
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ရသစ်စံပြရွာ ဝေဠုဝန်ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တနာရဒ ထေရ်မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်...
-
နတြော့ဆြီကို ဒီရကပြိုငြး ငဘုဏြး (Ashin Paññā Vamsa) ရောကလြာပှီး နေ့နေ့ညည ငှငြးခုံစကားပှောဖှစသြညြ။ ကွှနတြောသြညြ ငှငြးခုံခှငြးကို နှစသြကသြူတစယ...

0 မွတ္ခ်က္:
Post a Comment